ရိပေါ် စကားအဆုံး
ခါးပေါ် ရှိလက်သေးသေးလေးများကပိုတင်း
ကျပ်သွားလေသည်။

___________________________

"boss လာပြီဟ..ဖန်းဖန်း မြန်မြန်လုပ်
အရိုသေပေးလိုက်..."

"အင်..အင်း ဟုတ်သားပဲမြန်မြန် 
CE0 မင်္ဂလာပါ ဘာအလိုရှိပါသလဲ"

ဆိုင်ထဲတန်းဝင်လာတာနဲ့ နှစ်ယောက်က
အတိုင်ဖောက်ညီညီကိုစကြတာ။

နာမည်ကြီး Company တခုက ရှယ်ယာတွေ
ကို သူပိုင်တာလည်းဖြစ်သွားရော
CEO  ဆိုတာပါးစပ်ကမချကြတော့။
အေးဆေးနေချင်လို့သာ ဒီစီးပွားရေးလောက
ထဲပြန်မဝင်ဘဲနေ နေတာ။
သူဆေးရုံမဆင်းခင်ထဲက တစုံတယောက်ကို
တာဝန်ယူရတော့မှာမလို့ ဆေးရုံဆင်းပြီး
အိမ်စရောက်ထဲက ဖန်းဖန်းနဲ့ လင်ချန်းကို
အကူညီတောင်းထားခဲ့ပြီးရှယ်ယာတွေကို
ရှိသမျှငွေနဲ့အကုန်ဝယ်ခိုင်းထားတာပင်။

ဖန်းဖန်း သူ့ကိုခနခနခိုးခိုးကြည့်နေတဲ့
လင်ချန်းကြောင့်နေရခက်လှသည်။
ဒီလိုပုံဆိုမဖြစ်တော့။

"ဝမ်ရိပေါ်  နင့်သူငယ်ချင်းကငါ့ကိုဖွင့်ပြော
ထား
တယ်"

"ဘာ!"

အလန့်တကြားထအော်တဲ့ရိပေါ် နဲ့ ရုတ်တ
ရက်ကြီး သူ့ရှေ့တင် သူဖွင့်ပြောထားတာကို
ရိပေါ် ကိုပြောပြတဲ့ဖန်းဖန်းကို လင်ချန်း
ပါးစပ်အဟောင်းသားနဲ့ငေးနေမိတယ်။

ဘယ်နှယ့်။ရိပေါ် ကိုသူဖွင့်ပြောတာသူ့ရှေ့
တင်သွားပြောတာ...နည်းတဲ့သတ္တိမဟုတ်

"လင်ချန်း  သူပြောတာတကယ်လား"

"ငါကလိမ်ပြောမလားဟဲ့ မိန်းကလေးလေ"

ဟုတ်သားပဲ။ဖန်းဖန်းကလိမ်ပြောစရာမှမရှိ
တာ ဒါနဲ့နေပါအုံး ဒါကိုဘာမှမဖြစ်သလို
ပြောနိုင်တာပဲလား။

"အဲ့တော့ မင်းတို့ကအခုတွဲတော့မှာလား"

"ငါ အဲ့ကောင်ကိုမကြိုက်ပါဘူး"

"ဖန်းဖန်း နင်နဲ့ပြိုင်ပြီးရန်ဖြစ်နိုင်တာဟိုး
အရင်ထဲကငါပဲရှိတာနော်
ငါ့ပြန်မကြိုက်ရင် ဘယ်သူရှိလဲ"

"တော်စမ်းပါ နင်ငယ်ငယ်လေးထဲကနင့်သူ
ငယ်ချင်း ရိပေါ် ကိုငါခေါ် သွားရင်ဆူပုပ်နေ
ပြီးတော့များ .အရင်ထဲကကြည့်မရပြီးအခုမှ
ဘာထဖောက်တာလဲ"

𝙒𝙖𝙞𝙩𝙞𝙣𝙜 𝙁𝙤𝙧 𝙔𝙤𝙪   ♡⋆♡LOVE♡⋆♡ (Completed)Where stories live. Discover now