' အကိုဂျွန်ဂျောင်ကု ! ! ! '

အဲလက်စ်ခဗျာ ကောင်မလေးတစ်ယောက်၏ပထမဆုံးပွေ့ဖက်ခြင်းကို ခံလိုက်ရတာကြောင့်မျက်နှာတွေ နီရဲတွတ်လာကာ ရင်ခွင်ထဲရောက်နေသည့် ယူဘင်းဆိုတဲ့ ကောင်မလေးကို ငုံ့ကြည့်လိုက်တယ်။ ဖောင်းအစ်အစ်ဖြစ်နေသည့် ချစ်စရာမျက်ဝန်းကျဉ်းတစ်စုံနှင့် မျက်ဝန်းပြာတို့ထပ်တူကျသွားသည့်အချိန်မှ ယူဘင်းက ကြောင်တောင်တောင်နှင့်ဖက်လျက်မေးလာတယ်။

' ပုံထဲကနဲ့တူလည်းမတူပါလား မျက်လုံးတွေက အြ ပာရောင်ကြီး မေမေ '

ထိုကောင်မလေး၏ အသေအချာစိုက်ကြည့်နေသော မျက်ဝန်းတွေကြောင့် သူ့မှာနေမထိ ထိုင်မသာဖြစ်လာပြီး သွားဖြဲပြလို့နွားပွဲစားလုပ်လိုက်ရတယ်။ ယင်မတောင် မသမ်းဖူးတဲ့သူက ကောင်မလေးတစ်ယောက်၏ အတင်းဆွဲဖက်ခြင်းကိုခံလိုက်ရတယ်လို့! ပြီးတော့လည်း ညီမလေး ဟိဟိ။

' အို သမီးကတော့လုပ်ပြီ...နင့်အကိုက အရှေ့မှာလေ ဘယ်သူ့ကိုသွားဖက်နေတာတုန်း မျက်နှာပူစရာတွေတော့ ဖြစ်ကုန်ပါပြီ '

ထိုအခါမှ ယူဘင်းတစ်ယောက် တံတွေးကိုမသိမသာမြိုချကာ အရှေ့မှ သူ့အကိုအစစ်အမှန်အား ပြုံးရင်းနူတ်ဆက်လိုက်တယ်။

' တွေ့ရတာဝမ်းသာပါတယ် အကိုဂျောင်ကု ! ပြီးတော့ ဟိုအကိုကို ညီမတောင်းပန်ပါတယ်နော် ~ ရုတ်တရတ်ကြီးဆိုတော့လေ ညီမလည်း ... '

' အော ရ..ရပါတယ် ~ စိတ် စိတ်မထားပါနဲ့ '

ပါးနှစ်ဖက်လုံးနီရဲတွတ်နေတဲ့ အဲလက်စ်ကိုကြည့်ကာ ဂျွန်တစ်ယောက်ရယ်ချင်စိတ်ကိုမနည်းထိန်းထားရတယ်။ စကားပြောတာကလည်း ညီမလေးရှေ့မှာမို့ ပဲများနေသေးတယ်။

//

' သားတို့နှစ်ယောက် တစ်ခန်းနေလို့ရတယ်မဟုတ်လား '

' ဟုတ် '

မာမီ့အမေးကို သူအလျင်အမြန်သဘောတူလိုက်တယ်။ အရင်ကတည်းက အတူအိပ်နေကြမို့ အခုလိုတစ်ခန်းအတူနေရတာ ဘာမှတော့မဖြစ်။

' အဟီး ခစ်ခစ် '

ရုတ်တရတ်ထရယ်လိုက်တဲ့ ယူဘင်း၏အသံပိစိလေးကြောင့် မာမီရော သူတို့နှစ်ယောက်စလုံး အတောက်သို့ဖျက်ခနဲလှည့်ကြည့်လိုက်မိတယ်။ မာမီကတော့ သူ့သမီးအကြောင်းများ နားလည်နေလို့လားမသိ မျက်စိမျက်နှာပျက်နှင့် ကောင်းကောင်းနေဟူ၍ အချက်ပြလိုက်ပုံရတယ်။ ယူဘင်းက ဘယ်လိုကလေးမလေးပါလိမ့်။

𝑪𝒉𝒐𝒄𝒐𝒍𝒂𝒕𝒆 𝑺𝒄𝒆𝒏𝒂𝒓𝒊𝒐 [ 𝐕𝐊 ]Where stories live. Discover now