"ဟုတ်ကဲ့ ဒီမှာပါ အကုန်လုံးပြီးပါပြီ အဆင်ပြေရဲ့လားဆိုတာလေး ကြည့်ပေးပါအုံးနော်"

"အင်း...အဆင်ပြေတယ် ညီမရုံးဆင်းလို့ရပြီ"

"ဟုတ်ကဲ့"

ဟုဆိုကာ မေ့အလုပ်စားပွဲက အိတ်ကလေးကိုဆွဲပြီး ပြတင်းပေါက်ပိတ်လိုက်ကာ စားပွဲပေါ်က ဖိုင်တွေကူသယ်ပေးမလို့လုပ်တုံး မေ့ရဲ့ဖိုင်တွေဟာ အမဆိုင်ဟိန်းလက်ထဲ ပါသွားပြီဖြစ်ပြီး အမဆိုင်ဟိန်းလဲမရှိတော့။ အမဆိုင်ဟိန်းအပြင် အနီးနားက ကိုဆာစမ်မှာလဲ သူ့အလုပ်တွေပြီးသွားလို့ထင်သည် ထမင်းချိုင့်ဆွဲကာ ရုံးပြင်တောင်ရောက်နေပြီ ဖြစ်သဖြင့် မေလဲခက်သွက်သွက်ပဲ အပြင်လိုက်ထွက်လာခဲ့သည်။

"မေ ဒီမှာအလုပ်လုပ်ရတာဘယ်လိုလဲ"

ဟုဆိုကာ မေဘေးနားရောက်လာသည့်ကိုဆာစမ်ကြောင့် အနည်းငယ်လန့်သွားသော်လည်း...

"ဟုတ်ကဲ့အဆင်ပြေပါတယ်"

"အဆင်ပြေတယ်ဆိုလို့ ၀မ်းသာပါတယ် ဒါနဲ့ပီဟောင်းပ်ကို စိတ်ထဲသိပ်မထားပါနဲ့နော် သူကတော်တော်အလုပ်လုပ်တာမို့ တခါတလေ ဘယ်လိုပြောရမလဲ...သူကအရမ်းကြောက်စရာကောင်းနေတတ်တယ်"

မေတစ်ယောက် ကိုဆာစမ်ပြောလာသည့်စကားကြားပြီးရီချင်လာသည်။ သို့သော်အမဆိုင်ဟိန်းအကြောင်း ကိုဆာစမ်ပြောသည်မှာအမှန်ပင်ဖြစ်နေသည်။ အမဆိုင်ဟိန်း၏ပုံစံမှာ အလုပ်ပေါ်တော်တော်အလေးနက်ထားပြီး အသေးစိတ်ကအစ လိုက်ကြည့်တတ်မှန်းမေသတိထားမိနေသည်။ ထို့ကြောင့်ကြည့်ရသည်မှာ အမဆိုင်ဟိန်းလည်းမေ့လိုမျိုး ဒီနေရာလေးထံ လျှပ်စစ်မြန်မြန်ရောက်စေချင်သည့်ပုံပင်။

"ဟုတ်ကဲ့ မေလဲအခုမှ‌သိပင်မဲ့သတိထားမိတယ် တခါတလေကြောက်စရာကောင်းပင်မဲ့ စိတ်ရင်းကောင်းမဲ့ပုံပါပဲ"

"အင်းဒါတော့ဟုတ်တယ် ကဲ...ကိုယ်သွားတော့မယ် ကိုယ့်အိမ်ကဟိုဘက်မှာလေ"

ဟုဆိုကာ တဖက်ကစိုက်ခင်းတွေကြားထဲမှလူသွားလမ်းလေးနှင့်အတူ မိန်းကလေးတစ်ယောက်ရပ်စောင့်နေသည်ကိုတွေ့ရသည်။

"အဲ့တာကိုယ့်နောင့်ဟောင်းပ်လေ"

"ဟုတ်ကဲ့ ဒီလိုဆိုသွားတော့လေ မေလဲအိမ်မြန်မြန်ပြန်ရမယ် အိမ်ကစုလဲစောင့်နေတော့မှာမို့လို့ပါ"

မေ့ရဲ့မမမြိုင်Where stories live. Discover now