ခဲ့ရွမ်သည် သက်ပြင်းချလိုက်၏။
"စစ်သူကြီးလင်.. ငါဒီကိုရောက်နေရတဲ့ အကြောင်းရင်းက မင်းကို အရမ်းစိတ်ပူလို့ပဲ.. မင်းကို ဆိုးဆိုးရွားရွား တစ်ခုခု မဖြစ်စေချင်ဘူး"
လင်ချင်းယဲ့လည်း သက်ပြင်းချလိုက်၏။ စစ်ယွိဟန်၏ လက်ထဲတွင် ရှိသည့်စားစရာသည် ယခုအခါ အမှုန့်ကဲ့သို့ ဖြစ်သွားသည်ကို မည်သူမျှ သတိမထားမိပေ။ သူ့မျက်လုံးတွေက ဆောင်းရာသီက ရေခဲတွေကဲ့သို့ပင်။
ခဲ့ရွမ်သည် သူ့ဘေးကင်းလုံခြုံမှုကိုပင် ဂရုမထားဘဲ တောင်ပေါ်သို့ လိုက်လာသည်မှာ လင်ချင်းယဲ့ကို ကူညီရန် ဖြစ်သည်။ ထို့ကြောင့် ခဲ့ရွမ်သည် သူကဲ့သို့ ပြန်လည် မွေးဖွားလာခြင်းမဟုတ်ပေ။ ယခုတော့ သူသေချာသိသွားလေပြီ။သို့သော် သူ့ရင်ထဲတွင် နားမလည်နိုင်သော ခံစားချက်အချို့ ရုတ်ချည်းပင် ရောက်ရှိလာသည်။
"စစ်သူကြီးလင်.. စိတ်မပူပါနဲ့.. မင်း ငါ့ကို အနားမှာ နေခွင့်ပေးသ၍ ငါ ပြဿနာမရှာဘူးလို့ ကတိပေးတယ်။
ငါ့ကို စိတ်ဆိုးနေလို့ ဘာမှ အသုံးမဝင်ဘူး မဟုတ်လား"စစ်ယွိဟန်သည် ရုတ်တရက် ထရပ်လိုက်၏။
ခဲ့ရွမ်က သူ့ကိုကြည့်လိုက်သည်။
"ဟန်.. ဘာဖြစ်လို့လဲ?"စစ်ယွိဟန်က ဘာခံစားချက်မှမရှိသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
"ဘာမှမဖြစ်ပါဘူး.. ကျွန်တော် ပင်ပန်းနေပြီ"
ခဲ့ရွမ်လည်း ထကာ သူ့လက်ကို ဆွဲပြီး ကုတင်သို့ လျှောက်သွားလိုက်သည်။ ကုတင်က တစ်လုံးတည်းသာ ရှိပြီး စစ်သူကြီးလင်ဟာ ဖြစ်ရမည်။ စစ်ယွိဟန်သည် ကလေး တစ်ယောက်သာဖြစ်ပြီး အနားယူရန် လိုအပ်သာကြောင့် စစ်သူကြီးလင် စိတ်မရှိလောက်ဘူးလို့ ခဲ့ရွမ် ယူဆလိုက်သည်။
"သွားအိပ်တော့.. ငါ မင်းနဲ့ အတူရှိနေမယ်"
သူ့လက်ကို ညှစ်ထားသလို ခံစားလိုက်ရတာကြောင့် ခဲ့ရွမ် စစ်ယွိဟန်၏လက်ကို လွှတ်လိုက်သည်။ သို့သော် စစ်ယွိဟန်က သူ့လက်ကို ပြန်ကိုင်လိုက်၏။ ခဲ့ရွမ် ပြုံးလိုက်မိသည်။ ဇာတ်လိုက်က သူ့ကို အားကိုးတယ်ဆိုတာ နိမိတ်ကောင်း တစ်ခုပင်။ သူက စစ်ယွိဟန်၏ နောက်ကျောကို လက်နဲ့ပုတ်ကာ ချော့မြူလိုက်၏။
"လိမ္မာတဲ့ကလေးလေး.. ငါ မင်းနဲ့ အတူရှိနေမယ် ဘယ်မှ သွားမှာ မဟုတ်ဘူး.. အဲဒါကြောင့် ခဏလောက် အနားယူလိုက်ပါ"
စစ်ယွိဟန်သည် ခဲ့ရွမ်၏ မျက်လုံးများကို ခဏမျှ ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများကို
မှိတ်လိုက်တော့သည်။ခဲ့ရွမ်သည် စစ်ယွိဟန်ဘေးတွင် ထိုင်ကာ သူ့မျက်နှာလေးကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ အကယ်၍ သူသာ မူလဲခဲ့ရွမ်နေရာကို အစားထိုးပြီး ရောက်မလာခဲ့ရင် ဒီသနားစရာ ကလေးလေး ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူ သိနိုင်မလဲ။ စစ်ယွိဟန်သည် ကလေးတစ်ယောက်သာ ဖြစ်ပြီး ကလေးများသည် အလွန်ရိုးသားပေသည်။
တစ်ယောက်ယောက်က သူ့အပေါ် စေတနာထားရင် သူ့ကြင်နာမှုကို သတိရနေမှာဖြစ်ပြီး သူ့အပေါ်မကောင်းရင် သူ့ရဲ့ ရက်စက်မှုတွေကို သတိရနေလိမ့်မည်။ သို့သော် ကလေးအများစုကတော့ စစ်ယွိဟန်ကဲ့သို့ပင် ကောင်းသော အပိုင်းများကိုသာ မှတ်မိကြလိမ့်မည်ဖြစ်သည်။သူ့ကို ခွင့်လွှတ်ဖို့ အချိန်အတော်ကြာမယ်လို့ ထင်နေခဲ့သည်။ ဒီကောင်လေးဟာ ဒီလောက် အချိန်တိုလေးအတွင်းမှာ သူ့ကို ခွင့်လွှတ်လိမ့်မယ်လို့
သူ မမျှော်လင့်ထားပေ။သူသည် ဤမျှတုံးအသော ကောင်လေးဖြစ်သောကြောင့်
ခဲ့ရွမ်က သူ့ကို ကာကွယ်လိုခြင်း ဖြစ်သည်။ လင်ချင်းယဲ့သည် တိုင်ကိုမှီထားလျက် ခဲ့ရွမ်နှင့် စစ်ယွိဟန်တို့ကို ကြည့်နေလေသည်။သူ့ရင်ထဲက ထူးဆန်းတဲ့ ခံစားချက်က ပျောက်ကွယ်မသွားဘဲ ပို၍ပင် အားကောင်းလာ၏။
_21.11.21
Thanks for reading ❣️
(Zawgyi)
Chapter-47 Clingy Si Yuhan
မုတ်ဆိတ်မွှေးနဲ့လူက မပြုံးဘဲမနေနိုင်ချေ။ သူက လက်နောက်ပစ်ပြီး သူ့ကိုယ်ပိုင်အိမ်ဆီ လျှောက်သွား တော့သည်။ သူ့အစ်ကိုလင်ကို သူ့အိမ်ခန်းမှာ နေခိုင်းဖို့ တကယ်ပဲ ဆန္ဒရှိပေမယ့် သူက ကြောက်လန့်နေသေး
သောကြောင့် နေခိုင်းလို့ မရသေးပေ။ သို့သော် ထိုနေ့သည် မကြာမီ ရောက်ရှိလာပေတော့မည်။ထိုလူ ထွက်သွားပြီးတာနဲ့ အစေခံတွေက အရသာရှိတဲ့ အစားအစာ အစုံအလင်ကို ချက်ချင်း လာရောက် ကျွေးမွေးတော့သည်။ ခဲ့ရွမ်သည် ထောင့်မှ ထွက်လာပြီး လင်ချင်းယဲ့၏ ညာဘက်တွင်ထိုင်ကာ စစ်ယွိဟန်ကိုလည်း ဘေးက ခုံပေါ်တွင် နေရာချပေးလိုက်သည်။ ထို့နောက် လင်ချင်းယဲ့အား မေးလိုက်၏။