အပိုင်း ၃

Start from the beginning
                                    

"သွမ့်ယွင်...ငါသွားတော့မယ်.."

စကားကိုဦးအောင် ရှင်းရန်ပြောလိုက်သည်။

"သွားတော့မှာလား...တံခါးဝထိငါလိုက်ပို့မယ်.."

"ရတယ်..မပို့နဲ့တော့...မင်းမှာ ဧည့်သည်ရှိသေးတယ်လေ"

သွမ့်ယွင်က ရှင်းရန်စကားကြောင့်ယွမ့်ဖန့်ကို
တစ်ချက်ကြည့်လိုက်ပြီးရှင်းရန်ကိုပြန်ကြည့်ကာ

"ကဲ....ငါလိုက်မပို့တော့ဘူး..နောက်မှတွေ့မယ်.."ဟုနှုတ်ဆက်စကားဆိုလိုက်သည်။

"ဒါဆို..ငါသွားတော့မယ်..နောက်မှထပ်တွေ့မယ်....

ခွင့်ပြုပါဦး"

ရှင်းရန်က သွမ့်ယွင် နှင့် ယွမ်ဖန့်ကို နှုတ်ဆက်ပြီး ခပ်မြန်မြန်ထွက်သွားသည်။

......................................
လင်းပြည်နယ်...

လင်းပြည်နယ်သည် တောင်ပိုင်းရှိ ရန်မြစ်ကမ်းဘေးတွင်သီးခြားတည်ရှိနေသော
ပြည်နယ် ဖြစ်သည်။မြို့တော်နှင့်အတော်
ဝေးကွာသောပြည်နယ်ဖြစ်သည်။ လင်းပြည်နယ်သို့သွားချင်ရင် ရန်မြစ်ကိုအရင်ဖြတ်ရသည်။ ရန်မြစ်သည်ကျယ်ပြောလှသောမြစ်တစ်စင်း
ဖြစ်သောကြောင့် ၃ရက်ခန့်လှေစီးမှသာ လင်းပြည်နယ်သို့ရောက်သည်။ထို့ကြောင့်ခရီးဝေးလှသဖြင့်လင်းပြည်နယ်သို့တခြားပြည်နယ်မှ
လူများသိပ်မလာကျပေ။လူအရောက်နည်း
သော်လည်း လင်းပြည်နယ်သည် လူစည်ကားပြီးစီးပွားရေးကောင်းသောပြည်နယ်ကြီး တစ်ခု ဖြစ်သည်။ ထိုပြည်နယ်ကို နယ်စားမင်းယွမ်ဝမ်မှ အုပ်ချုပ်သည်။

အခုနယ်စားမင်းယွမ်ဝမ်၏အိမ်တော်တွင် စိတ်မကောင်းစရာကိစ္စနှင့်ကြုံတွေ့နေရသည်။
အကြောင်းမှာ နယ်စားမင်းယွမ်ဝမ်နာမကျန်း
ဖြစ်နေသောကြောင့်ဖြစ်သည်။ကုတင်ပေါ်၌ နယ်စားမင်းယွမ်ဝမ်မှာ ငြိမ်သက်စွာလဲလျောင်းနေသည်။သူ၏မျက်နှာမှာသွေးမရှိသလိုဖြူရော်နေသည်။ နံဘေးတွင်လဲနယ်စားမင်း၏အမေ ယွမ်မယ်တော်ကြီး ကသူ့လက်အား တင်းကျပ်စွာ ဆုတ်ကိုင်ထားသည်။

နယ်စားမင်းမှအလွန်ဖျော့သောလေသံဖြင့်

"အမေ..ညီလေးကိုရှာတွေ့ပြီလား"
ဟုမေးလိုက်သည်။

A Growing LoveWhere stories live. Discover now