" Jung PD..မကဘူးလား "
" အော် Taehyung ssi...မကနိုင်တော့ဘူး မူးနေပြီဗျ "
" Jung PD မူးတာ ငြိမ်လှချီလား "
နဂိုကတည်းက နှစ်ယောက်တည်းရှိနေရင် စကားသိပ်မပြောသော Jung PD သည် အခုမူးနေတော့ ပိုလို့တောင်တိတ်ဆိတ်နေတာကြောင့် Dancing Floor မှာကနေတဲ့ Boss Jin ရဲ့ ကကွက်စမ်းတွေကိုသာကြည့်ရင်းထိုင်ရယ်နေမိလိုက်သည်။
ထိုအချိန်တွင် ရုတ်တရက်ဆန်လွန်းစွာ ပါးပေါ်သို့ ကျရောက်လာသော နွေးထွေးမှုတစ်ခု။ ထိုနွေးထွေးမှုက ကျနော့်ကို အလိုအလျှောက် မတ်တပ်ထရပ်မိစေသည်။
" Jung PD!!! "
" ကျနော်... "
" ဟား ဟား Jung PD က မူးရင်ဖက်နမ်းတတ်တဲ့ အကျင့်ရှိတာလား....ကျနော့် သူငယ်ချင်းတစ်ယောက်လည်း အဲ့လိုပဲ...Jung PD အရမ်းမူးနေပြီထင်တယ်...ကျနော်တို့ပြန်လိုက်ပို့ပေးမယ်လေ...ခဏစောင့်နေနော် ကျနော့် PD လေးကို သွားရှာလိုက်ဦးမယ် "
" ဟို..Taehyung ssi "
ရှင်းပြခွင့်မပေးဘဲ အမြန်ရှောင်ထွက်သွားတဲ့ Taehyung ရဲ့ကျောပြင်က ဘာလို့များ ဒီလောက် ကြေကွဲစရာ ကောင်းနေရတာပါလဲ။
သိပ်လှတဲ့အပြုံးလေးကို တစ်ခါလောက်လေးပဲ ထိကြည့်ဖူးချင်ခဲ့တာ။ အစဉ်မပြတ်ထိန်းချုပ်ထားနေမှုကြီးကို အရက်ကလွတ်ထွက်သွားစေခဲ့တာ။
ဟုတ်ပါတယ်။ သတ္တိနည်းတဲ့ ကျနော့်အတွက်တော့ အရက်ဆိုတဲ့ အကြောင်းပြချက်ရှိဖို့ လိုအပ်ပါတယ်။
အရာရာက အရက်ကြောင့်လို့ပဲ ထားခဲ့လိုက်လို့ရတာပေါ့။ အဲ့လိုပဲ ထားခဲ့လိုက်တာပေါ့။
#...💘...#
Taehyung နဲ့အတူတူ အပြင်ဘက်ကနေ အထဲကို ပြန်၀င်၀င်လာခြင်းမှာပင် ပုံစံမကျတာတစ်ခုကို တန်းမြင်ခဲ့ရသည်။
မီးအလင်းရောင်က မှိန်နေပေမဲ့ မျက်လုံးဝိုင်းဝိုင်းလေးရဲ့မခံချင်တဲ့အကြည့်နဲ့ အစ်ကိုကြီး Park ဆိုသူရဲ့ စိန်ခေါ်တဲ့မျက်လုံးတွေကို အတိုင်းသား လှမ်းမြင်နေရသည်။
" Tae ငါနည်းနည်းသောက်ချင်လို့ "
ပထမဦးဆုံးအကြိမ် လိမ်ပြောဖူးခြင်းလို့ပဲ ပြောရမလား။ ဟုတ်ပါတယ်။ ဒီမင်းသားကောင်လေးကို မပြောပြရသေးတဲ့ အကြောင်းအရာတွေ အများကြီးရှိနေပေမဲ့ တမင်လိမ်ညာပြောဆိုခဲ့ခြင်းမျိုးတော့ မရှိသေးပါ။
YOU ARE READING
I hate that ' I love you '
Fanfictionကိုယ်တကယ်ချစ်တဲ့သူကသာ ကိုယ့်ကိုနာကျင်စေနိုင်တာ.. Main OTP - Taegi * Unicode+Zawgyi * From 31st October, 2021
Part : 8 💘
Start from the beginning