ဘေးအိမ်ကအကိုကြီး(One shot)

49 6 4
                                    

Unicode

"ဟေ့ကောင် ရာရာ မင်းတို့အိမ်ဘေးနားကို လူသစ်တွေပြောင်းလာတယ်ဆို"

"ဟုတ်တယ်ကွ ဟိုဘက်ရပ်ကွက်ကပြောင်းလာတာတဲ့ အကိုကြီးကတစ်ကယ်ချောတယ်တဲ့"

"အောင်မယ် မင်းက သိပြီးပြီပေါ့ဟုတ်လား"

"ဟုတ်တယ် သိပြီးပြီ နာမည်တော့မသိပေမယ့် ငါ့အမေပြောတာကြားတာတော့ ဘွဲ့ရပြီးပြီတဲ့ လူလိမ္မာလေးတဲ့ ချောလည်းချောတယ်တဲ့"

"စေစားရာတို့ကတော့ လက်သွက်ချက်ပဲဟေ့"

"Fuck!!လက်သွက်တယ်ပြောရအောင် ငါကဘာလုပ်ရသေးလို့လည်း"

"မနေ့တစ်နေ့ကမှပြောင်းလာတဲ့ ဘေးအိမ်ကအကိုကြီးအကြောင်းကိုဒီလောက်သိနေမှတော့ လက်သွက်တာမဟုတ်ရင်ဘာဖြစ်မလည်း ပြော ပြော"

"အဲ့တာ လက်သွက်တာမဟုတ်ဘူး စပ်စုတတ်တာလို့ခေါ်တယ် မသိရင်မှတ်ထား"

"မှတ်သားစရာစကားလုံးပဲ"

"ဟုတ်တယ် မှတ်သားစရာစကားလုံးမို့ သွား သွား အိမ်ပြန်ပြီးဘောပင်နဲ့စာအုပ်သွားပြန်ယူပြီး ရေးမှတ်ထား"

စေစားရာ၏သူငယ်ချင်းဖြစ်သော သုတ တစ်ယောက် စေစားရာအား လက်ခလယ်ထောင်ပြ၍ ခြံထဲကထွက်သွားတော့သည်။

စေစားရာ ဆိုသည့်ကောင်လေးက သွက်သွက်လက်လက်နှင့်ပျော်ပျော်နေတတ်သောကောင်လေးပင်။ Come outလုပ်ထားသူတစ်ယောက်ဖြစ်သောငြားလည်း ဘယ်သူကမှမဝေဖန်သလို ကဲ့လည်းမကဲ့ရက် အိမ်ကလည်းလက်ခံပေးသည်။21ရာစုရောက်ရှိလာသောကြောင့်အမြင်ကျယ်လာကြခြင်းဖြစ်မည်။

စေစားရာကို အကုန်လုံးက ရာရာဟုခေါ်ကြပြီးတစ်ရပ်ကွက်လုံးကလည်းချစ်ကြသည်။ထိုကောင်လေးကိုယ်တိုင်ကလည်းချစ်မွှေးပါသည်။စေစားရာက အသက် 18နှစ်ပြည့်ခါနီးဖြစ်သော်ငြားလည်း အခုထိ ပထမနှစ်ကို တိုးလို့တန်းလန်းနှင့်။Covidတွေကြောင့်ရှေ့လည်းဆက်တတ်လို့မရ အနောက်လည်းဆုတ်လို့မရနှင့်ပင် ထို့ကြောင့် ကိုရီးယားဘာသာစကားကိုသာ Onlineပေါ်ကနေသင်နေရသည်။

"အိုပါး ဆာရာငယ်ယို...အိုးပါး နော်မူး နော်မူး ဆာရာငယ်ယို"

"ဟဲ့ အခန်းထဲကအကောင်! ဘာတွေ အိုးပါး နေတာလည်း တစ်နေကုန် အခန်းထဲအောင်းနေပြီ အိုးပါး နေတယ်ဟုတ်လား ထွက်ခဲ့ ငါက အိုးထူအောင်လုပ်ပေးမယ်"

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Apr 05, 2022 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

ဘေးအိမ်က အကိုကြီး(One short)Où les histoires vivent. Découvrez maintenant