....................................................
ချမ်းအေးလွန်းလှတဲ့ ဆောင်းဥတုကြောင့်ရော၊ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့်ရောလား..မသေချာပေမယ့်သူကတော့အခုထိစောင်ဖြူဖြူလေးအောက်မှာလုံးထွေးလို့နေနေဆဲဖြစ်ပါသည်။သူနိုးလာတော့သူ့ဘေးမှာအရှင်ကရှိမနေခဲ့ပါ၊ကြည့်ရတာ ညီလာခံကိုသွားနှင့်ပြီထင်ပါတယ်။အချိန်ခဏအကြာအထိသူကနန်းပုလ္လင်ထက်မှာကွေးကွေးလေးနေနေရင်းအတွေးတွေကဟိုတွေးဒီတွေးပျံ့လွင့်လို့နေနေသည်။
နန်းရင်သွေးလွယ်ထားရတဲ့ကိစ္စ..
ထိုကိစ္စကြီးကိုအရှင်ကသိုဝှက်မထားဘဲသူ့သဘောကိုမေးမြန်းပြီးသည်နှင့်ချက်ချင်းပဲတိုင်းပြည်ကိုကြေငြာမောင်းခတ်ခဲ့တယ်။တိုင်းပြည်ရဲ့အရှင်၊အရှင့်ရဲ့ဧကရီမြတ်မှာနန်းရင်သွေးလွယ်ထားရကြောင်းကို တိုင်းသူပြည်သားတွေကို သူအိပ်ပျော်ကာသွားသောနေ့၊ထိုနေ့မှာပဲအရှင်ကအသိပေးခဲ့သည်။ထိုသတင်းကြေငြာပြီးနောက် နန်းရင်သွေးကိစ္စကိုကြည်ဖြူသူတွေရှိခဲ့သလို၊ဝေဖန်သူတွေရှိခဲ့တယ်၊ထို့အတူတိုင်းပြည်ကိုစိုးရိမ်နေကျတဲ့သူတွေလည်းရှိနေခဲ့ပါတယ်။ယောကျ်ားသားတစ်ယောက်ဖြစ်ပြီးဘာလို့နန်းရင်သွေးကိုလွယ်နိုင်ရတာလဲ။မဆီလျော်မဖြစ်သင့်တဲ့ကိစ္စမို့လူအများအကြားကောလဟာလတွေအများကြီးပျံ့လွင့်သွားသေးတယ်။အရှင့်ဧကရီမြတ်က စုန်းထီးဟုသတ်မှတ်ကျသူတွေရှိတယ်၊နတ်ကောင်းနတ်မြတ်တွေကသူတို့တိုင်းပြည်ကို စောင့်ရှောက်ဖို့ပေးသနားတာပါဆိုတဲ့လူတွေရဲ့အမြင်တွေ၊မဟုတ်ဘူး..ထိုကလေးလေးကဖျက်စီးတော့မှာဆိုတဲ့ ကောလဟာလတွေအကြား အရှင်မင်းကြီးကတော့ မည်သူတစ်ဦးတစ်ယောက်ရဲ့နှုတ်စကားကိုမှ သူ့ကိုမသိစေရဘဲ အရှင်ကသာ ဖြေရှင်းပေးခဲ့သောနေ့ရက်တွေရယ် ဟူး။
ရက်သတ္တပတ်၄ပတ်မျှအချိန်မှာတော့လူအများအကြားပျံ့လွင့်နေသောကောလဟာလတွေကတစ်ဖန်ငြိမ်သက်လို့သွားခဲ့ပြန်သည်။သူကနန်းပြင်ကိုခြေချခွင့်မရှိသည့်သူမို့ အပြင်မှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုသူမသိပေ။ထို့အတွက်ကြောင့် သူကသူ့ကိုခစားဝင်နေသောအပျိုတော်မောင်းမအချို့ကိုသာအစ်အောက်မေးမြန်းပြီးကြားသိရခဲ့ခြင်းဖြစ်သည်။
YOU ARE READING
အရှင် ... 🔱 🔥 { Completed }
Historical Fictionကိုယ်တော်က မင်းကိုချစ်မိတာ အပြစ်လား... အရှင့်ကို ကျွန်တော်မှမချစ်ဘဲ... အရှင့်ကို ကျွန်တော်ကသိပ်မုန်းတာလေ...။ #cover by mayalinkar❣️
အပိုင်း - ၂၇
Start from the beginning