"ဒါပေါ့... ကျနော်က သိချင်တဲ့သူပဲဟာ...."

တစ်ချိန်ကလို ငြိုးငယ်နေတဲ့မျက်ဝန်းတွေနဲ့မဟုတ်ပဲ စူးရဲတဲ့မျက်လုံးတွေနဲ့ ရိပေါ်ကြောင့် ချင်းလီ သူ့စကားတွေအလုပ်ဖြစ်ပါ့မလား တွေဝေနေမိတယ်။

ဆေးရုံဆင်းပြီးနောက်ပိုင်းမှ ရိပေါ်ကအတော်လေးချောလှလာတာတော့ဝန်ခံတယ်။
အရင်ကလို ရိုးရိုး ကြီးမဟုတ်ပါပဲ ဆံပင်ကေအသစ်အပြင် အပြာရောင် ကာလာနှင့်မို့ အမြင်တော့ဆန်းတယ်။ အဝတ်စားကလဲ တော်တော်ခေတ်မီတာမို့ ဘယ်အရာတွေကများရိပေါ်ကိုပြောင်းလဲသွားစေခဲ့တာလဲ...

သူမကိုစိုက်ကြည့်နေတဲ့ မျက်ဝန်းညိုတွေက သူမမျက်ဝန်းထက်တောင်လှပသေးတယ်။
ဒါကြောင့်လဲ ကျန့်က သူအရိပ်တွေရှိတဲ့ချင်းလီကို အသုံးချခဲ့တာပေါ့....

ပါးဖောင်းလေးတွေ အသဲပုံနုတ်ခမ်းထူလေးတွေ... အိုး... အားလုံးမုန်းစရာပဲ...။ ရိပေါ်နဲ့ ခပ်ဆင်ဆင်ဖြစ်နေတဲ့သူမကိုယ့်ဘာသာတောင် မုန်းလာပြီ....။ အစကတည်းက သူမဘာကြောင့်သတိမထားမိခဲ့ရတာလဲ...

သူမအလှကြောင့်မဟုတ်ပဲ ရိပေါ်ကြောင့် သူမကို ချစ်ခဲ့တဲ့ကျန့်ကိုလဲမုန်းတယ်.....

"နင်က အတိတ်မမေ့ဘူးဆိုမှတော့ ငါကရှင်းပြဖို့တော့မလိုဘူးပဲ။ အဲ့ဒါကြောင့် နင့်ထက်အရင် ငါက ကျန့်နဲ့ပက်သက်ခဲ့တာ သက်သေပြဖို့တောင် နင့်ကိုသနားတယ်...."

"ဟက်.... သေချာရဲ့လား ခင်များက အရင်ဆိုတာ...။ ကိုကို့ရင်ထဲ ဘယ်သူရှိလဲ ခင်များတစ်ကယ်မသိတာလား...ဟင်...."

ခပ်ပြုံးပြုံးနဲ့ရိပေါ်စကားတွေမှာ သူမအရိူက်ထိပါတယ်....

"ဘာပဲဖစ်ဖြစ် ငါတို့က ကျူးလွန်ခဲ့ပြီးသားတွေ...."

"ရော်... ခက်ပြီ...။ ပြောပြန်ရင်လဲ ကိုယ်ကကြွားတယ်ဖြစ်ဦးမယ် ကျနော်က ကိုကို့ရဲ့တရားဝင်ယောက်ကျားလေ။ ခင်များနဲ့ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အဲ့တာ အပြင်မှာပဲ....။ အင်း... ဘယ်လိုပြောရမလဲ လူဆိုတော့လဲ တစ်ခါတစ်လေ လမ်းဘေးစာ မြည့်ကြည့်ချင်တာနေမှာပေါ့...."

"ဘာ.... နင်...!!!! မိုက်ရိုင်းလှချည်လား...."

ရိပေါ်စကားက အတော်လေးသူမတွက် ပြင်းထန်ပုံပဲ....

Awl of love(အချစ်ဆူး)(Complete )Where stories live. Discover now