"ဟုတ်တယ်..."

ရုတ်တရက် ငြိမ်သက်ကာ မျက်ရည်တွေ စီးကျလာတဲ့ ကောင်လေးက သူ့လက်တွေကို ထပ်မံ ဆုပ်ကိုင်လာတယ်။

"ဘာဖြစ်လို့လဲ..."

သူ ဘယ်လိုဖြေရမလဲ။ ရုတ်တရက် မသိတော့ဘူး။ ဒါပေမဲ့ သူ ပြတ်သားဖို့တော့ လိုတယ်။ ဒါကြောင့် ကောင်လေးကို ရှောင်မနေတော့ပဲ ရဲရဲ စိုက်ကြည့်လိုက်တယ်။

"Yang YuTeng..."

သူ့ရဲ့ စိမ်းသက်တဲ့ အခေါ်ကြောင့် ကောင်လေးဟာ မျက်လုံးအဝိုင်းသားနဲ့ အံ့ဩလို့။ ဒါကိုလည်း သူ သိရက်နဲ့ စကားကို ဆက်တယ်။

"မင်းကို ခေါ်လာပြီးကတည်းက... ငါ ကျောင်းနားထားရတာ မင်းသိတယ်မလား..."

မျက်ရည်တွေနဲ့ ကောင်လေး ခေါင်းညိတ်တယ်။

"‌ငါ ကျောင်းပြန်တက်ချင်တယ်... မင်း ရှိနေရင် ကျောင်းပြန်တက်နိုင်ဖို့ မလွယ်ဘူး... မင်းကိုလည်း ငါ ကျောင်းမထားပေးနိုင်ဘူး..."

"ကျွန်တော် မတက်တော့ဘူးလေ... မတက်တော့ဘူး"

"မင်း မတက်လည်း... ငါ မတက်နိုင်တော့ဘူး... ငါ့ကျောင်းစရိတ်တွေ မင်းကို ဆေးကုရတာနဲ့ ကုန်ပြီ... ဒီတိုင်းဆက်နေရင် မင်းရော ငါရော ဘဝပျက်ကုန်လိမ့်မယ်... အဲ့တော့ မင်း အိမ် မင်း ပြန်နေတော့"

"ကော...!"

ငိုသံတစ်ဝက်နဲ့ ဆောင့်ခေါ်လာတဲ့ ကောင်လေးကို သူ ရူတည်တည် စိုက်ကြည့်နေလိုက်တယ်။

"အခု ပြောနေတာ... ဘာတွေလဲ... လမ်းခွဲမယ်ဆိုတဲ့ သဘောလား"

"ဟုတ်တယ်"

ကောင်လေးရဲ့ အကြည့်တွေကို ရှောင်လွှဲပြီး သူဖြေလိုက်တယ်။

"ကျွန်တော့်ကို မချစ်တော့ဘူးလား"

ကောင်လေးရဲ့ မေးခွန်းက တုန်ယင်စွာ။

"အချစ်က ဘာအရေးကြီးလို့လဲ... အဲ့ဒီအချစ်နဲ့ ငါဘွဲ့ရမှာ မို့လို့လား... အချစ်အတွက်နဲ့တော့ ငါ့ဘဝကို ပျက်စီးမခံနိုင်ဘူး"

"ကော... အဲ့လို မလုပ်ပါနဲ့... မေမေ ကောကို ဘာပြောထားလို့လဲ..."

ပြောပြောဆိုဆိုနဲ့ အတင်းတိုးဖက်တဲ့ ကောင်လေးက တရစပ်ကို ဆက်ပြောတယ်။

Unforgettable FondWhere stories live. Discover now