"ဟယ်ယဲ့ နင်ငါ့ကိုပြော"
ပွဲလာသောဧည့်သည်များရှေ့တွင် ကျန်းယွီ နှင့် သခင်မ ကျန်း တို့က ရတနာများကိုလုယူရန် ကြိုးစားခဲ့ကြပုံတို့ကို အသေးစိတ်ပြောပြလေသည်။
ဧည့်သည်တို့၏အကြည့်များမှာ ပြောင်းလဲသွားပြီး မိန်းကလေး လျို က ပို၍ရှက်ရွံ့လာသည်။ သူမ၏ကံတရားအပြောင်းအလဲကို မျက်မြင်တွေ့ကြစေရန် ထိုမိန်းမတို့အဖွဲ့ကို ခေါ်ခဲ့ခြင်းဖြစ်ပြီး သူမကို အဆင့်နိမ့်စေရန်မဟုတ်ပေ။
သခင်မ ကျန်း ကို မကျေမချမ်းနှင့်ကြည့်လိုက်ပြီး သူမ၏နေရာကိုကာကွယ်ရန်အတွက် သူတို့ကို ပြန်လည်ဖိနှိပ်ရမည်ဟု တွေးလိုက်သည်။
"ကျန်းဝမ် နင့်ကို လောဘကြီးပြီး အပေါစားဆန်လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး .. နင်တို့ကပဲအရင်အပြစ်လုပ်ပြီး ဘာကြောင့် ရှောင်းယီ ကို အပြစ်လွှဲချရတာလဲ နင်တို့တွေ ဒီကထွက်သွားကြတော့ .. ဒီနေ့ကစပြီး ငါ လျိုရှောင်မုံ့ မှာ နင်တို့လို သူငယ်ချင်းတွေမရှိတော့ဘူ း"
သခင်မ ကျန်း က အံ့ဩသွားပြီး ...
"လျိုရှောင်မုံ့ နင်လူမှဟုတ်သေးရဲ့လား ... ဒီနှစ်တွေထဲ နင်နဲ့နင့်ကလေးတွေကို ငါစောင့်ရှောက်ပေးခဲ့ရတာလေ"
နန်းပေါင်ရီ မျက်ခုံးပင့်သွားသည်။ ရန်ပွဲစနေပြီဖြစ်သောကြောင့် ဖရုံစေ့အနည်းငယ်ကိုယူကာ စားရင်းကြည့်နေလိုက်သည်။
သခင်မ ကျန်း က ဆက်၍ ...
"ဒီနေ့ နင့်မင်္ဂလာပွဲလာဖို့ ငါတို့ကိုနင်ပဲဖိတ်ခဲ့တာ! နန်း အိမ်တော်မှာ နင်ဘယ်လောက်လှနေမယ့်အကြောင်း၊ နင့်လင်ပါသမီးကို မတရားအနိုင်ကျင့်ချင်တဲ့အကြောင်း နင်ပဲပြောခဲ့တာ! ပြီးတော့ သခင်မကြီး နန်းက ဖယ်ထုတ်ရခက်တဲ့ မိစ္ဆာအိုမကြီး၊ နန်း အိမ်တော်ကို ဝင်နိုင်ခဲ့တာက နင့်ရဲ့အနစ်နာခံကြိုးစားမှုကြောင့်လို့လည်း နင်ပြောခဲ့တာ! လျိုရှောင်မုံ့ .. နင်အခု အဆင့်အတန်းမြင့်သွားပြီဆိုတော့ ဆင်းရဲတဲ့နင့်သူငယ်ချင်းတွေကို မောင်းထုတ်နေတာလား !"
လျိုရှောင်မုံ့ ၏ သွေးများ ခေါင်းအထိပင် ဆောင့်တက်လာသည်။ ကျန်းဝမ် က စာနာစိတ်ကင်းကာ ဆက်ပြောနေတော့မည်။ သူမ ဘယ်လိုကြောင့်များ ထိုစကားတို့ကို ပြန်ပြောနေရတာလဲ။
"ငါမပြောခဲ့ဘူး !"
သူမအမြန်ငြင်းလိုက်ပြီး နစ်နာသူတစ်ယောက်အနေဖြင့် ဒူးထောက်လိုက်ကာ ...
"သခင်ကြီးကို တောင်းဆိုပါတယ် သေချာစိစစ်ပေးပါ ကျွန်မဒီလိုမျိုး လုံးဝမပြောခဲ့ပါဘူး !"
ဉာဏ်တုံးကာမိုက်မဲလှသော သူမအမေကို နန်းယန် မုန်းသွားသော်လည်း သူမအမေဘက်မှကာ၍ ပြောလေသည်။
"ဖေဖေ .. အဒေါ် ကျန်းက မေမေ့ကိုစွပ်စွဲချင်လို့ ဒီလိုအရှက်ခွဲပြီး ပြောနေတာပါ ... ဒီနှစ်တွေထဲမှာ မေမေက နန်း အိမ်တော်အပေါ် သိတတ်ပြီး အိမ်တော်အတွက် သားသမီးနှစ်ယောက် မွေးပေးခဲ့တယ်မဟုတ်ဘူးလား"
လျိုရှောင်မုံ့ က အခွင့်ကောင်းယူပြီး အမြန်ပြန်ပြောလေသည်။
"ဟုတ်ပါတယ် သခင်ကြီး ... ကျွန်မက သခင်ကြီးအတွက် သားသမီးနှစ်ယောက် မွေးဖွားပေးခဲ့တယ်လေ"
သူမက သခင်မကြီးခြေထောက်အနား တွားသွားပြီး ငိုကြွေးလျက်ပင်။
"မေမေ ကျင်အာ က ဝမ့်ချွမ်း ကျောင်းမှာ ကောင်းကောင်းမွန်မွန်သင်ယူနေပါတယ် .. အရမ်းလည်း လိမ္မာသိတတ်ပြီး စာကောင်းကောင်းရေးနိုင်ရင် စာတစ်ပုဒ်ရေးပေးဖို့ပြောတော့ သူသေချာရေးနိုင်ခဲ့ပါတယ်"
အခြေအနေများက အခုပုံစံအထိ ရောက်လာခဲ့သဖြင့် သူမမျက်နှာပျက်မည်ကို ဂရုမစိုက်တော့ပေ။ သူမသည် နန်း အိမ်တော်သားတစ်ယောက်နှင့် လက်ထပ်ပြီး အိမ်တော်သို့ဝင်ရောက်ချင်သည်မှာ နှစ်၂၀ပင်မကတော့ပေ။ ယနေ့မှာ သူမ၏အိပ်မက်အောင်မြင်တော့မည့်နောက်ဆုံးအချိန်ကာလပင်။ အိမ်တော်သားတစ်ယောက်နှင့် လက်ထပ်ရမည်ဆိုလျှင် အဆင့်နိမ့်မောင်းမတစ်ယောက် ဖြစ်ရုံသာမက သေဆိုလျှင်လည်း သူမသေရဲသည်။