ပြုံးရယ်ပြီးပြောနေတဲ့သူက တကယ် အရူးလိုဘဲ.. အလကားသက်သက် အချိန်ဖြုန်းနေခဲ့တာ

"ကျနော် Hyung ကို လွန်ခဲ့တဲ့ ၇ နှစ်က LA မှာတွေ့ခဲ့တာ.. ဆေးကျောင်းပထမနှစ် တက်နေတဲ့ Hyung ကြောင့် အထက်တန်း နောက်ဆုံး နှစ်ဘဲ ရှိသေးတဲ့ ကျနော့် နှလုံးသားက လှုပ်ရှားလာခဲ့တာ.. အဲ့တုန်းကရော အခုရော Hyung က သိပ်လှလွန်းနေတာလေ.. "

သူက ထပ်ပြီး ပြုံးကာ ပြောနေပြန်တယ်

"ရပြီ ဒီလောက်ဆို ငါ အလုပ်တွေ ရှိသေးတယ်"

"မနက်ပိုင်း patient နည်းတာဘဲ မဟုတ်လား ကျနော် ပြောတာတွေ နားထောင်ပေးပါအုံး.. "

ဘယ်လိုမှ ပြောမရတဲ့ သူက ဆက်ပြောချင်နေသေးတယ်

"နေတိုင်း hyung uni က ပြန်ချိန်တိုင်း နောက်က လိုက်ခဲ့တယ်.. ဘယ်သွားသွား လိုက်ခဲ့တယ်.. Hyung မသိအောင်လေ.. တစ်ခါတစ်လေ လက်ဆောင်တွေပို့ပေးခဲ့တယ်.. နောက်တော့ Hyung က ကိုရီးယားကို ပြောင်းသွားခဲ့တယ်.. အဲ့တုန်းက
တကယ္ ခံစားခဲ့ရသေးတယ်.. အဲ့အချိန်မှာဘဲ မေမေက ကိုရီးယားကို ပြန်ခေါ်ခဲ့တယ်.. Jeon အိမ်တော်မှာ နေခွင့် မရလို့ ခက်ခဲခဲ့သေးတာ.. Hyung နဲ့ ပြန်ပြီးနီးစပ်အောင်လို့ သူနာပြုကျောင်း‌ေတာင်တက်ခဲ့သေးတယ်... အခုတော့ ကျနော်က Jeon အိမ်တော်က သား.. Dream ရဲ့ CEO ဖြစ်နေပြီမို့ Jungkook Hyung ကို ယှဉ်နိုင်ပြီလေ.. ကျနော်ချစ်တဲ့ Hyung ကို ပိုင်ဆိုင်နိုင်ဖို့.. Hyung အချစ်ကို ရဖို့..."

"မင်းက တကယ် ခက်တာဘဲ.. Jungkook ကို ယှဉ်နိုင်ဖို့ ကြိုးစားစရာမလိုပါဘူး.. ငါက Jungkook ကိုဘဲ ချစ်တာပါ.. သူတစ်ယောက်တည်းကိုဘဲ ချစ်ရုံလေးပါ "

"Jungkook Hyung ကတော့ မဟုတ်လောက်ဘူးနော်.. Media တွေ ဖော်ပြထားတဲ့ သတင်းမဖတ်ရဘူးလား Hyung.. Emiko လား အဲ့ ဂျပန်‌ model နဲ့ တွဲနေကြတယ်လို့ official ဝန်ခံထားတာ "

သူက ပြုံးနေပြန်တယ်.. လှောင်ပြုံး အကြီးကြီးနဲ့ ကျနော်ကို လှောင်ရယ်နေတာ..

"ဒါက မှားယွင်းပြီး ထွက်လာတဲ့ သတင်း အမှားပါ.. ငါ့ Jungkook က ဒီလိုလူ မဟုတ်ဘူး.."

"အကယ္၍များ သူက နာကျင်စေခဲ့ရင် ကျနော့်ဆီ လာခဲ့ပါ. ကျနော်ကသာ ပျော်ရွှင်စေနိုင်မှာပါ.. Hyung ကို တကယ်ချစ်တာက ကျနော်ပါ..."

MINE [Completed]Where stories live. Discover now