"ဘီယာသွားသောက်ရအောင်"

နှစ်ခါခေါ်စရာမလိုဘဲ ကျွန်တော်သည် သော့်သဘောအတိုင်း လိုက်ပါခဲ့ရပါသည်။

ကန်ရိုးရွာအထွက် ကားလမ်းနံဘေးနေရာများသည် ညဘက်ဆိုလျှင် လူသွားလူလာ နည်းလွန်းလှသည်။ ရံဖန်ရံခါ ဖြတ်သွားတတ်သည့် ကုန်တင်ကားများနှင့် ဆိုင်ကယ်တစ်စီးတစ်လေသာ ရှိသည်။

သော်က ဆိုင်ကယ်ကို ကားလမ်းနံဘေးမှာ ရပ်လိုက်သည်။ ကျွန်တော်ပါ ဆိုင်ကယ်ပေါ်မှ ဆင်းပြီး ကားလမ်းနံဘေးမြက်ခင်းပေါ်တွင် ထိုင်လိုက်သည်။ ကျွန်တော် ထိုင်နေရာ နေရာနံဘေးမှာ သော် ဝင်ထိုင်လိုက်ပြီး ဘီယာတစ်ဗူးကို ဖောက်၍ပေးသည်။

ဘီယာဗူးသည် အေးစိမ့်၍သာ ရှိသေးသည်။ တစ်ငုံမျှသောက်လိုက်သည့်အခါ ခါးသက်သော အရသာကို ခံစားရ၏။ ထို့နောက်တွင်တော့ ချို၍လာပါ၏။

သော်က အာလူးကြော်ထုပ်လေးကို ကျွန်တော့်အား ပေးသည်။ မယူတော့ဘူးဟူ၍ ငြင်းသည့်အခါ သော်က ကြောင်တောင်တောင်ဖြင့် ငဲ့ကြည့်၏။ လရောင်ဖြာနေသော ညအလယ်တွင်တောင်မှ သော်၏ မထီတရီအကြည့်များသည် ထင်ရှားလျက်ရှိပါသည်။

"ဘီယာဆိုတာ သူ့ချည်းသပ်သပ်မှ အရသာပေါ်တာကွ"

သော်က ခေါင်းတငြိမ့်ငြိမ့်နှင့် ထောက်ခံတော့မယောင်ပြုပြီးမှ အရူးပဲဟု ပြောကာ လှောင်ပါ၏။

ကျွန်တော်တို့နှစ်ယောက်လုံးသည် အရက်မသောက်နိုင်သူများဖြစ်သည့်အတွက် ဘီယာတစ်ဗူးကုန်သည့်အခါ သော်ရော ကျွန်တော်ပါ ရီဝေဝေဖြစ်လာပါ၏။ ‌ထိုနေ့ညက သော်နှင့် ကျွန်တော် ပြောခဲ့ကြသည့်စကားများကို အကုန်အစင်မမှတ်မိတော့ပါ။

"ငါ သစ္စာမဖောက်ချင်ဘူး" ဟု သော် ပြောခဲ့သည်ကို တစ်ပိုင်းတစ်စ မှတ်မိနေပါသည်။

"စုမဟုတ်တဲ့ အခြားတစ်ယောက်ကို ချစ်မိတာဟာ သစ္စာဖောက်တာလည်း မဟုတ်သလို အပြစ်လည်း မမည်ပါဘူး သော်ရယ်၊ လူတစ်ယောက်ဟာ အချိန်မရွေး ပြောင်းလဲနိုင်တာပဲ"

အဲ့ဒီနောက် ဘာတွေဆက်ပြောဖြစ်ကြသလဲ မမှတ်မိတော့ပါ။ အဆောင်ရှေ့ ပြန်ရောက်သည့်အခါ သော့်ကို တစ်ခုတော့ သတိပေးမိခဲ့ပါသည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါWhere stories live. Discover now