"ကျန့်ကော

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ကျန့်ကော..သက်သာရဲ့လား"

"ကျန့်ကော...ကျန့်ကော"

"........."

ရိပေါ်လေးက သူ့အတွက်အချိန်မရှိတော့ဘူး ပြီးတော့ ရိပေါ်လေးက သူ့ထက် ချစ်ရမယ့်သူတောင် တွေ့နေ့ပြီပဲ ရိပေါ်လေးအနားမှာ သူမလိုအပ်တော့ဘူးလေ။ နေမကောင်းဖြစ်မှ မေးနေတဲ့ ရိပေါ်လေးကို လျစ်လျူရှုကာ သူ့အခန်းဆီသာ တက်လာလိုက်သည်။

ကျန့်ကောက သူ့ကိုတောင်စကားမပြောအပေါ်ထပ်သာ တက်သွားသည်။ တအားနေမကောင်းများဖြစ်နေလို့လား ။ ရှောင်းပါး ကိုအ​ေခြအနေမေးကာ သူအမြန်သာနောက်ကလိုက်ပြီးပြေးတက်ရသည်။ အခန်းတံခါးဖွင့်တော့ ကျန့်ကောကကုတင်ပေါ်မှာဖုန်းကြည့်ရင်းထိုင်နေသည်။သူလည်း ကျန့်ကော အနားကပ်ထိုင်လိုက်သည်။

"ကျန့်ကော...သက်သာရဲ့လား ၊ ခေါင်းမူးသေးလာဟင်"

"ကျန့်ကော ကျနော်ကိုစိတ်ဆိုးနေတာလား"

အာ့~~

ရိပေါ် ကျန့်ကောဖျားနေသေးလား သိချင်တာကြောင့် နဖူးပေါ် လက်တင်စမ်းမယ်အလုပ် ကျန့်ကောက အမှတ်တမဲ့ သူ့လက်ကို ဖယ်ရိုက်လိုက်တော့ အသံတောင်ထွက်မိသွားသည်။

"ပေါ်တိ!!ပေါ်တိလက်က ဘာဖြစ်တာလဲ"

သူ့နဖူးပေါ် လာတင်မယ့် ရိပေါ်လေးလက်ကို ဖယ်ချလိုက်မိသည်။ သူဖယ်ရိုက်လိုက်တော့ ထွက်လာတဲ့ ရိပေါ်လေးအသံကြောင့် ရိပေါ်လေး လက်ကို ပြန်ဆွဲယူကြည့်မိတယ်။လက်က တစ်ခုခုကို ထိုးထားတာကြာပြီထင်တယ်  စီးကျနေတဲ့ သွေးတွေတောင် ခြောက်နေပြီ။

"ရတယ်...ဘာမှမဖြစ်ဘူး ကျန့်ကော"

ရိပေါ် ကျန့်ကောလက်ထဲက သူ့လက်သူသာပြန်ရုန်းပြီး ဖွတ်ထားလိုက်သည်။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now