"ရဲမတိုင်ခင် အရင်အလောင်းပျောက်မှာက မင်းတို့ မိသားစုပဲ။ ကောင်လေး မင်း ငါတို့အဖွဲ့ကို ဘာမှတ်နေတာလဲ ဟမ် !  ရဲတိုင်တာလောက်ကို ကြောက်မယ်များမှတ်နေလား "

ညီမလေးနဲ့ ဦးလေးက ကြောက်လန့်စွာဖြင့် ရှောင်းကျန့်အနောက်မှာ ပုန်းနေကြပြီး အသံတွေဆူညံနေတာကြောင့် ဘေးအခန်းတွေကပါ ထွက်ကြည့်ကြတယ်။ အကြည့်တွေက အထင်သေးနေသလိုမျိုး အတင်းပြောသံတွေလဲ ထွက်လာတယ်။  စိတ်မကောင်းဖြစ်ကြတဲ့ သူတွေလဲ ရှိတယ် ။ ဒါပေမဲ့ အားလုံးက ဘဝသမားတွေမို့ ဓားခုတ်ရာလက်ဝင်မလျိုရဲကြတာကြောင့် ငေးကြည့်ရုံသာတတ်နိုင်တယ်။ လူမိုက်အဖွဲ့ကလဲ ကြေးစားတွေဖြစ်ပုံရပြီး တကယ်လဲ လူသတ်ရဲမဲ့ပုံ။ ဦးလေးက ရုပ်လဲသန့်ကာ အဝတ်အစားကောင်းဝတ်ထားရင် သူဌေးတစ်ယောက်လိုပင်။ အပြောလဲကောင်းတာကြောင့် ဒီလူတွေရဲ့သူဌေးက ယုံကြည်ခဲ့ပုံရတယ်။ အခုတော့ ‌ပြသနာအားလုံးက ရှောင်းကျန့်ရဲ့ ခေါင်းပေါ်မှာသာ ပုံလာခဲ့ပြီ။

"တစ်အိမ်လုံးကို ရှာစမ်း တန်ဖိုးရှိတာအကုန်သိမ်း "

"ကိုကို ညီမလေး ကြောက်တယ်  "

ညီမလေးကို ရင်ခွင်ထဲဖက်ထားပြီး ချော့မော့ရတယ်။ ဦးလေးကိုကြည့်တော့လဲ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေက မသေရုံတမယ်ဖြစ်ကာ တောင်းပန်ပါတယ်ပဲအော်နေတာမို့ လူကထူပူနေပြီး ဘာလုပ်ရမယ် မကြံတတ်တော့။

ဘာလို့များ ....သူ့ဘဝက အမြဲတမ်း အေးအေးချမ်းချမ်း နေခွင့်မရတာလဲ ။ ဘာမကောင်းမှု့တွေများ လုပ်ခဲ့လို့လဲ ။

"အကြွေးမပေးနိုင်ရင်လဲ ဒီကောင်မလေးကိုပဲ လောလောဆယ်ထည့်ပေးလိုက်ကွာ ...ရုပ်လေးကမဆိုးဘူး ဈေးကောင်းရနိုင်တယ် "

"ကိုကို !!!  "

ရှောင်းကျန့်က ညီမလေးလက်ကိုဆွဲလို့ နောက်ကို ပို့လိုက်တယ်။

"ကျွန်တော့်ကို ၃ရက်ပဲ အချိန်ပေးပါ။ ၃ရက်အတွင်း ငွေတွေအကုန်ပြန်ပေးပါ့မယ်နော် ဦးလေးကြီးရယ်။ ကျွန်တော့်ညီမလေးကို မခေါ်သွားပါနဲ့ တောင်းပန်ပါတယ် ။ ၃ရက်ပဲစောင့်ပေးပါ "

"ကောင်းပြီလေ။ ၃ရက်ကျော်ရင်တော့ ဒီကောင်မလေးကို လာခေါ်မယ် ၊ ဒီမှာ လက်မှတ်ထိုး.. အကြွေးတွေအားလုံး မင်းတာဝန်ယူ ဆပ်ပေးရမယ် "

I Hate How Much I Love You (Completed)Where stories live. Discover now