"ဘာထူးခြားမှာလဲ? Thesis တောင် တင်ပြီးပြီ ဆိုကတည်းက ငါ့ကို အဆက်အသွယ်ဖြတ်မယ်ဆိုတဲ့စကားအတိုင်း လုပ်နေတာပဲလေ... သူ့မှာ ကိုယ်ပိုင်ဘဝရှိနေပြီ ဒုန်ဟျော့... ငါတို့ မနှောင့်ယှက် သင့်တော့ဘူး"

"ချစ်တာ နှောင့်ယှက်တာလား? မင်းဘာတွေ တွေးနေတာလဲ ငါမလိုက်နိုင်တော့ဘူး ဂျယ်နို... တကယ်ချစ်ရင် မလွတ်တမ်း ဖမ်းဆွဲထားရမှာလေ... သူက ကိုယ့်ကို လွှတ်ချရင်တောင် ကျစ်နေအောင် ကိုင်ထားရမှာ... အခုက တစ်ဖက်လူက ဖမ်းထားပေးပါ ပြောတာတောင် မင်းက သူ့လက်ကို ပုတ်ထုတ်လိုက်တယ်... ဂျယ်မင်းဘယ်လောက် နာကျင်သွားမလဲဆိုတာ မင်းတွေးမိရဲ့လား?"

"ခဏပါပဲ... သူ့ဘဝလေး အခြေကျသွားရင် ငါ့ကိုမေ့သွားမှာ..."

"ကျစ်! မင်းကွာ!!"

ဂျယ်နိုရဲ့စကားက ဒုန်ဟျော့ကို စုတ်သတ်စေသည်။ တကယ်ပါပဲ... သူနဲ့သာ နေရာလဲလိုက်ချင်သည်။

"ငါလည်း မေးလို့ရမလား? မင်း ဒီ၃ရက်အတွင်း ဘာတွေဖြစ်နေတာလဲ ဒုန်ဟျော့..."

"....."

ဂျယ်နိုရဲ့အမေးက လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ ဒုန်ဟျော့ကို ငြိမ်ကျသွားစေသည်။ သူအမှန်အတိုင်း ဖြေသင့်လားလို့ တွေးမိတဲ့ နောက်ဆက်တွဲမှာ ဂျယ်နိုရဲ့ တုံ့ပြန်မှုကို သူမဝံ့ရဲပါ။

"အဲ့နေ့က မာ့ခ်နဲ့ တွေ့ခဲ့တယ်..."

"အဲ့နေ့က??"

"....."

"ဘာဖြစ်ကြတာလဲ? သူက မင်းကို ဘာလုပ်လို့လဲ?"

စိုးရိမ်တကြီးမေးတဲ့ ဂျယ်နိုရဲ့ မေးခွန်းကြောင့် သူတံတွေး မြိုချမိသည်။

"ငါ သူ့ကို ပြန်တွဲဖို့ ပြောခဲ့တယ်..."

"မင်း ရူးသွားပြီပဲ"

လွန်ခဲ့တဲ့ ၃မိနစ်လောက်က သူပြောခဲ့တဲ့စကားအတိုင်း တစ်ထပ်တည်းပြန်ပြောလာတာကြောင့် ဒုန်ဟျော့သက်ပြင်းရေးရေးလေး ချသည်။

ဒီတစ်ခါ သူ့အလှည့်လေ...

"ရူးတာမှ သွက်သွက်ခါသွားတာပဲ... ဟိုက မီဒီယာတွေအထိ ကြေငြာထားတာနော်... ပေါ့သေးသေး စေ့စပ်ပွဲမဟုတ်ဘူး... ဒီအနေအထားနဲ့ဆို နောက်နှစ်ထဲမှာတောင် လက်ထပ်ရင် လက်ထပ်ကြမှာ... အဲ့ဒါကို ပြန်တွဲဖို့ ပြောတယ်တဲ့လား?"

Liar (Season 1) [MarkHyuck]Where stories live. Discover now