Part (26) ♥{ Unicode }

Start from the beginning
                                    

ကျန်းရှောင်သည် မကြာမီအထက်တန်းပြီးမြောက်ကာ တက္ကသိုလ် စတတ်ရတော့မည်။ ထို့ကြောင့် အိမ်စီးပွားရေးဖြင့်ရရှိသောဝင်ငွေသည် မလောက်ငှသောကြောင့် သူမတတ်မြောက်ထားသည့်ပညာနှင့် ကုမ္ပဏီသို့ အလုပ်လျှောက်ရန်စတင်ပြင်ဆင်ရတော့သည်။

ချင်းဟန်၏ ဒီဇိုင်းဆွဲခြင်းလက်ရာအား ကုမ္ပဏီတော်တော်များများ သဘောကျကြသည်။ သို့သော် ဖူအိမ်တော်၏ သတင်းကြောင့် သူမအား အလုပ်မခန့်ကြပေ။ သူမလျှောက်ရန် ကျန်ရှိနေသည့် ကုမ္ပဏီအနဲငယ်သည် လီအိမ်တော်ဘပိုင်ဆိုင်သော ကုမ္ပဏီများဖြစ်သည်။ သူမ မတတ်နိုင်သည့်အဆုံး လီအိမ်တော်၏ Rainbow Company .LTD သို့ အလုပ်လျှောက်လွှာတင်ခဲ့သည်။ Rainbow Company သည် လီအိမ်တော်မှ အသစ်ဖွင့်လှစ်ထားခြင်းဖြစ်ကာ ဒီဇိုင်းနှင့်ပတ်သပ်သည့် ထုပ်ကုန်များထုပ်လုပ်သဖြင့် သူမ အတင့်ရဲစွာ အလုပ်လျှောက်ခဲ့သည်။

ကံတရားသည် မျက်နှာသာပေးသည်ဟုဆိုရပေမည်။ အရည်အချင်းနှင့် စိတ်ဓာတ်သာကြည့်ပြီး နောက်ခံအား မကြည့်သည့် လီအိမ်တော်၏ ကုမ္ပဏီတွင် ချင်းဟန်အလုပ်ရခဲ့သည်။ သူမ၏ အဓိက တာဝန်သည် ထုပ်ကုန်အတွက် ဒီဇိုင်းအသစ်အဆန်းအား တီထွင်ဆွဲပေးရခြင်းပင်။ ဝါသနာနှင့် အလုပ်ထပ်တူကျသောကြောင့် ချင်းဟန်ရေးဆွဲလိုက်သည့် ဒီဇိုင်းများသည် အရောင်းရဆုံး ဖြစ်ခဲ့သည်။ လစာကောင်းသည့်အပြင် ကြိုးစားသည့်သူမအတွက် အခွင့်အရေးများစွာ ရရှိခဲ့သည်။

သူမတို့ဘဝလေးသညျ အရင်ထက် ပိုအဆင်ပြေလာသည်။ ကျန်းရှောင်သည် ပေကျင်းရှိ စီးပွားရေး တက္ကသိုလ်အား တတ်ရောက်ခွင့်ရသည်။ တက္ကသိုလ်တတ်နေစဥ် ကုန်ကျစာရိတ်အားလုံးအား ထောက်ပံ့ပေးနိုင်သည့်အပြင် သူမဝါသနာပါသည့် သင်တန်းများအားတတ်ရောက်ရန် အခွင့်အရေးရသေးသည်။ ပညာရေးတွင် ထူးချွန်သော ကျန်းရှောင်သည် ပညာသင်ဆုပါထပ်ရသေးသည်။

ရှောင်ချန်းသည် အသစ်ဖွင့်ထားသည့် ကုမ္ပဏီသို့ တစ်လတစ်ခါတွင်သာ စစ်ဆေးရန်လာရောက်လေ့ရှိသည်။ သူမလုပ်ငန်းများပုံမှတ်လည်ပတ်နိုင်ရန် အကောင်းဆုံးကြိုးစားကာ ဝန်ထမ်းများအပေါ် ကြင်နာသည်။ သူမအစည်းအဝေးတစ်ခုသို့ သွားရန် အလျင်လိုနေသောကြောင့် ကားအား သတိမထားမိစွာဖြင့် အမြန်မောင်းနှင်လာသည်။

သူမကားရှေ့သို့ရုတ်တရက်ဆိုသလိုပင် ကလေးငယ်တစ်ဦးဖြတ်ပြေးလာသည် သူမ ကားအားအချိန်မှီဘရိတ်အုတ်လိုက်ပေမဲ့ တစ်စုံတစ်ယောက်အားတိုက်မိသွားခဲ့သည်။ သူမကားပေါ်မှ အောက်သို့အမြန်ဆင်းသွားချိန်တွင် သူမတိုက်မိခဲ့သည်မှာ ကလေးငယ်တစ်ယောက်အစား ကောင်မလေးတစ်ယောက် ဖြစ်နေခဲ့သည်။ သူမကားရှေ့ဖြတ်ပေးခဲ့သည့်ကလေးငယ်လေးမှာ မိခင်ရင်ခွင်ထဲတွင် ထိပ်လန့်စွာ ငိုကြွေးနေ၏။ ကလေးငယ် အန္တရာယ်ကင်းကြောင်းအတည်ပြုပြီးချိန်တွင် ကလေးအားကယ်ခဲ့သည့် ထိုမိန်းကလေးသည် မေ့လဲကျသွားသည်။

ချင်းဟန် အလုပ်မှခွင့်ယူထားသဖြင့် အပြင်သို့စျေးဝယ်ထွက်ရန် တစ်ယောက်ထဲ လာခဲ့သည်။ ကျန်းရှောင် ပေကျင်းသို့တက္ကသိုလ် တတ်ရန် သွားခဲ့ကတည်းမှ ချင်းဟန်တစ်ယောက်တည်း အထီးကျန်နေသည်။ အလုပ်နှင့်အိမ်သာ သွားလေ့ရှိသည့်သူမသည် အလုပ်နားရက်တွင် စိတ်ကူးပေါက်၍ အပြင်ထွက်ခဲ့သည်။

ကြင်နာတတ်သောစိတ်ထားရှိသည့်ချင်းဟန်သည် သူမအရှေ့တွင် ကားလမ်းပေါ်သို့ ဖြတ်ပေးသွားသေယ ကလေးနှင့် အရှိန်ပြင်းစွာလာနေသောကားအား တှေ့လိုကျရခြိနျတှငျ ကလေးအားတိုက်မိမည်စိုး၍ ကလေးရှိရာသို့အမြန်ပေးကာ ကားအရှေ့တွင်သူမ ဝင်ခံလိုက်သည်။ ကားဖြင့်တိုက်ခံရ၍ နာကျင်နေသော်လည်း ကလေးဘေးအန္တရာယ်ကင်းကြောင်း အတည်ပြုပြီးမှသာ သူမ စိတ်အားလွတ်ချလိုက်၍ မေ့လဲသွားသည်။

ရှောင်ချန်းကားဖြင့်တိုက်မိခဲ့သည့် ထိုကောင်မလေးအား နီးစပ်ရာဆေးရုံသို့ပို့ပြီး အစည်းအဝေးသို့ဦးတည်လာခဲ့သည်။ ထိုကောင်မလေးအတွက် လိုအပ်သည့်အရာများပြုလုပ်ပေးရန် သူနာပြုဆရာမတစ်ယောက်အားငှားထားပေးခဲ့သည်။ အစည်းအဝေးသည်လည်း ဖျက်လို့မရသောကြောင့် အမြန်သွားကာ အမြန်ပြန်လာရသည်။

The Destiny Of Love {အချစ် ကံကြမ္မာ}Where stories live. Discover now