Whatever You Are Zawgyi (1)

Start from the beginning
                                    

"အခု ချင်းချင်းမှာ ကိုယ်ဝန်ရှိနေပြီလေ"
'ကိုယ်ဝန်ရှိတိုင်း သားယောက်ျားလေး မွေးမယ်လို့ ဘယ်သူတပ်အပ်ပြောနိုင်လို့လဲ ......အခုမင်းအသက်၂၉ ပြည့်တော့မှာ ကလေးမွေးတဲ့အချိန်မှာ မိန်းကလေးဖြစ်ခဲ့ရင် အသက်၃၀နှစ် မပြည့်ခင် နောက်ထပ် သားယောက်ျားလေး တစ်ယောက် မွေးလို့ မရနိုင်တော့ဘူး'

"ဟာဗျာ ဒါဆိုရင်လည်း အမွေ မယူရုံပဲပေါ့ ဆက်ခံသူ မလုပ်ရုံပဲပေါ့ ဘယ်တတ်နိုင်မလဲ"
'လုံးဝ အဖြစ်မခံနိုင်ဘူး မင်း ပါးပါး သွေးနဲ့ချွေးနဲ့ တည်ဆောက်ခဲ့တာကို ထိန်းသိမ်းရမှာ မင်းရဲ့ တာဝန်ပဲ ပိုက်ဆံအတွက် စည်းစိမ်ချမ်းသာအတွက်နဲ့ ငါမင်းကို ခုလိုပြောနေတာမဟုတ်ဘူး အစဉ်အဆက်ထိန်းသိမ်းခဲ့တဲ့ ဆက်ခံသူမျိုးရိုးဆိုတာကို စွန့်လွှတ်လိုက်ရမှာ 
ရှောင်းမျိုးရိုးရဲ့   ဆက်ခံသူမျိုးရိုး ဆိုတဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းလာတာ မျိုးရိုးစဉ်ဆက် ၉ဆက်ရှိနေပြီ ဒါကို မင်းလက်ထက်မှ ဆက်ခံသူမျိုးရိုး မဟုတ်တော့ဘူးဆိုရင် သေဆုံးသူ မင်းအပါးကို အခါခါ ထပ်သတ်လိုက်တာပဲ ရှောင်းစစ်ဟန် ငါ ဒါမျိုးလုံးဝ အဖြစ်ခံမှာ
မဟုတ်ဘူး မင်းလည်း အဖြစ်ခံလို့ မရဘူး ဆက်ခံသူမျိုးရိုးဆိုတာ ကို စွန့်လွှတ်ဖို့ တွေးထားရင် ငါ့ကိုငါ သတ်သေမှာ ခြိမ်းခြောက်တာ        မဟုတ်ဘူး မင်းဘ၀ မင်းပိုင်သလို ငါ့အသက် ငါပိုင်တယ် မင်းကို ငါမတားဘူး မထိန်းသိမ်းနိုင်ခဲ့တဲ့ငါ့အမှား ငါတာဝန်ယူရမှာပေါ့'

မားရဲ့ စကားကို ကြားလိုက်ရတော့ ရှောင်းစစ်ဟန် တုန်လှုပ်မိတယ် မားက မျိုးရိုးဂုဏ်သိက္ခာ အရမ်းထိန်းသိမ်းတဲ့သူ  ပြီးရင် မားက ပြောရင် ပြောတဲ့အတိုင်း လုပ်တတ်တယ် ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ ဗိုက်ထဲက ကလေးလေးအတွက် အရဲစွန့်ပြီး ထပ်ပြောကြည့်မိတယ်

"မား အဲလိုဆို ဘယ်လိုလုပ်မှာလဲ ဗိုက်ထဲက ကလေး က ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေး ဖြစ်ဖြစ် ကိုယ့်သွေးသားပဲလေ
သူရဲ့ ဖြစ်တည်မှုကို ကိုယ်က ပြောင်းလဲစေလို့မှ မရတာ မားရဲ့ မားစီစဉ်တဲ့သူကို လက်ထပ်လိုက်ရင်ရော ယောက်ျားလေး မွေးမယ်လို့ ဘယ်သူအာမခံနိုင်လို့လဲ သား လင်ချင်းရှာ ကလွဲလို့ ဘယ်သူ့မှ မယူနိုင်ဘူး သားတို့ရဲ့ ချစ်ခြင်းကို မခွဲပါနဲ့မား"

' မင်းတို့ ချစ်ခြင်းကို ငါမခွဲဘူး ငါလက်ခံတယ် ဒါပေမယ့် တခုတော့ရှိတယ် ဗိုက်ထဲက ကလေးက မိန်းကလေး ဖြစ်ခဲ့ရင် မင်းတို့နှစ်ယောက် ငါစီစဉ်တာ ကို လက်ခံရမယ် မင်းအသက် ၃၀ မပြည့်ခင် သားယောက်ျားလေး ရဖို့ ငါစီစဉ်မယ် မင်းတို့ ငြင်းလို့မရဘူး'

သားဖြစ်သူရဲ့ စကားကို နင်းပြီး ရှောင်းသခင်မကြီး လိုချင်တာကို ပြောချလိုက်သည်   ဗိုက်ထဲက ကလေးက ယောက်ျားလေးဖြစ်ခဲ့ရင် ပြဿနာ မရှိပေမယ့် မဟုတ်ခဲ့ရင် ဆက်ခံသူမျိုးရိုးကို စွန့်လွှတ်ရမှာမို့ အဲဒီလို အဖြစ်မခံနိုင်ဘူး ဘယ်လိုပဲဖြစ်ဖြစ် အားလုံးကို အကွက်ကျအောင် စီစဉ်ထားရမယ်  သားဖြစ်သူခေါ်လာတဲ့ မိန်းကလေးကို စေ့စေ့ကြည့်ပြီး

'ဒီမယ် ကလေးမ မင်းကိုလည်း ငါ မမုန်းဘူး ငါ့ကို ဖွင့်ပြောပြီး လက်ထပ်ကြမယ်ဆို တခါတည်း သားယောက်ျားလေးရအောင် ငါစီစဉ်ပေး။ နိုင်တယ် ခုတော့ လွန်လွန်ကျူးကျူး ဖြစ်အောင် နေခဲ့ကြတော့ ငါလည်း မတတ်နိုင်ဘူး ဗိုက်ထဲက ကလေး သားလေး ဖြစ်ပါစေ ဆုတောင်းတယ် မိန်းကလေးဖြစ်ရင်တော့ ငါ့ကို အဆိုးမဆိုကြနဲ့  (၄)လပြည့်တာနဲ့  4D Ultrasuound သွားရိုက်ကြပေါ့ ငါ့သားခေါ်လာပြီးမှတော့ ငါ့ချွေးမပဲ ရှောင်းအိမ်ရဲ့ချွေးမ ဖြစ်တာနဲ့အညီ ရှောင်းမျိုးရိုး ကိုထိန်းသိမ်းဖို့က မင်းရဲ့တာဝန်လည်း ဖြစ်တာကို မှတ်ထားပေးပါ'

လင်ချင်းရှာ ဘာမှဝင် မပြောချင်တော့ပါ ဒီနေ့ခေတ် ၊ ဒီလိုချိန်ခါမှာတောင် မျိုးရိုးကို အလေးထားလွန်း သားယောက်ျားလေးမှ မျိုးရိုးကို ထိန်းသိမ်းနိုင်မယ် ထင်နေကြတဲ့ မိသားစုထဲကို ၀င်လာမိရက်သား ဖြစ်နေတယ် မိန်းမ မာနအပြည့် ရှိတဲ့သူမအတွက်တော့ လက်ခံဖွယ်ရာ မရှိပေမယ့် သူတခွန်းငါတခွန်း စကားမပြောလို သောကြောင့် နှုတ်ဆိတ်နေခဲ့လိုက်တယ် သည်းခံနိုင်တဲ့အထိ သည်းခံပေးလိုက်ပါ့မယ် လို့တွေးနေတဲ့အခိုက်အတန့်မှာတင် ပြောချင်တာတွေပြောပြီး မာန်အပြည့်နဲ့ အပေါ်တက်သွားလေရဲ့ ရှောင်းသခင်မကြီးက မျိုးရိုးဂုဏ် ထိန်းသိမ်းလွန်းပါတယ်...........

Whatever You AreWhere stories live. Discover now