အမှန်တော့ Arr Mahn Restaurant တွေမှာသုံးတဲ့ ဟင်းအမယ်ထဲထည့်တဲ့ ပါဝင်ပစ္စည်းတွေက သူတို့ခြံနဲ့သူတို့ စိုက်ပျိုးတာဖြစ်၏။ ဒါပေမယ့် တစ်ခါတစ်လေ ဒီလိုတွေ့ခွင့်တောင်းရင်တော့ သူတို့တွေ့ခွင့်ပေး၏။

"ကိုကို အရင်တွေ့ထားလိုက်အုန်း ကျွန်တော် ပြီးမှဝင်မယ်"

"မင်း ဘယ်သွားမလို့လဲ"

"ဘယ်မှ မသွားပါဘူးဗျာ ပြီးရင် ငထွဋ်လာမယ်ဆိုလို့"

"အင်း ပြီးရော"

ပန်းတိမ်ကတော့ Meeting room ထဲမှာ လက်ခံ‌တွေ့ဆုံပြီး တစ်ဖက်က ရှင်းပြတာကို စိတ်ဝင်တစား နားထောင်နေ၏။ သူတို့ဘက်က ၂ယောက်လာတာဖြစ်ပြီး တစ်ယောက်က အကြီးအကဲဖြစ်ပြီး ရှင်းပြပေးနေသူက သူ့ဝန်ထမ်းဖြစ်သည်။ အကြီးအကဲဖြစ်သူက ပန်းတိမ့်ကို မျက်တောင်မခက်တမ်းကြည့်နေ၏။ ဒါကို ရှင်းပြတာ စိတ်ဝင်တစားနားထောင်နေတဲ့ ပန်းတိမ်က မသိပေမယ့် MD ရုံးခန်းမှာထိုင်နေတဲ့ အာသောက Cctv ကနေကြည့်နေ၏။ ဒီလူက ပန်းတိမ့်ကို ခဏကြည့်တာလား တောက်လျှောက်ကြည့်နေတာလား သူကြည့်နေပြီး ပန်းတိမ့်ကိုပဲ စိတ်ဝင်တစားကြည့်နေမှန်းသိရော

"ငထွဋ် ခဏထိုင်နေအုန်း"

"ဘယ်လဲ"

သူမေးတာကိုပြန်မဖြေပဲ အာသောက ခပ်မြန်မြန်ထွက်သွား၏။ တံခါးခေါက်သံနဲ့အတူ meeting room ထဲဝင်လာတဲ့သူကို ဧည့်သည် နှစ်ယောက်က စကားပြတ်သွားပြီး ကြည့်လိုက်ကြ၏။ အာသောက ပန်းတိမ့်ဘေးဝင်ထိုင်တော့

"ဒါက Arr Mahn Group ရဲ့ MD အာသောမာန်ပါ"

ပန်းတိမ်ကမိတ်ဆက်ပေး၏။ နှစ်ယောက်စလုံးနဲ့လဲ ပန်းတိမ်က အာသောနဲ့မိတ်ဆက်ပေးပြီး သူတို့စကားကိုဆက်ကြ၏။ အမှန်တော့ တစ်ဖက်ကလူကလဲ Arr Mahn Group ရဲ့ သားငယ်က ယောကျာ်းလေးချင်း စေ့စပ်ထားတာရယ် ပုံတွေအရ ထိုသူက သူ့ရှေ့မှာရှိနေတဲ့သူ ဆိုတာ သူအစောထဲက သိပါသည်။ ဒါပေမယ် သူ့လက်ထောက်တစ်ယောက်ရှင်းပြနေတာကို တလေးတစား နားထောက်နေပုံကို ကြည့်ရတာ နှစ်လိုဖွယ်ကောင်း၏။ ဒါကြောင့်လဲ သူအကြည့်မလွှဲနိုင်အောင် ဆက်ကြည့်နေတာဖြစ်သည်။ ဒါကို သူ့ပိုင်ဆိုင်သူက သိပြီး အခန်းထဲဝင်လာတာကိုသူသဘောပေါက်၏။ သူပထမ စိတ်ဝင်စားလို့ကြည့်ပေမယ့် ဒီလူ့မှာ ပိုင်ဆိုင်သူရှိတယ်ဆိုတာ သတိပြုမိပြီး သူရဲ့အတွေးစကိုဖြတ်လိုက်ပေမယ့် အကြည့်ကိုတော့ မလွှဲနိုင်ခဲ့။

ကိုယ်ပိုင်တဲ့နေရာ (Complete) Uni & Zawgyi❗Where stories live. Discover now