episode 15: မင်းကြောင့်ဖြစ်တည်သော

Start from the beginning
                                    

"အရမ်းနာနေရင်ပြောနော် ဂျောင်ကု!!"

ခေါင်းတစ်ချက်သာ ဂျောင်ကု ပြန်ငြိမ့်ပြလိုက်ပြီး နာကျင်မှုအားသည်းခံလေသည်။
ဂျောင်ကု ၏ ကျောပြင်မှ ဒဏ်ရာအား ​ကြည့်ရင်း ဆော့ဂျင် မျက်ဝန်းမှမျက်ရည်များ တသွင်သွင်ကျဆင်းလာခဲ့လေသည်။

ဆော့ဂျင်အားနောက်ကျောပေးထားသည့်အနေထားဖြစ်နေသဖြင့် ဆော့ဂျင် မျင်ရည်များအား ဂျောင်ကု မမြင်နိုင်ခဲ့ပေ။
သို့သော် တရှုံ့ရှုံ့ငိုသံကြားသော် နာကျင်မှာအားလျစ်လျူရှု၍ ဆော့ဂျင်ဘက်အားလှာ့်ကြည့်မိသည်။

"ဆော့ဂျင်... ဘာလို့ငိုနေတာလဲ... ဆော့ဂျင်ရော ဘယ်နားထိခိုက်မိလို့လဲဟင်... နာနေတာမျိုးရှိလို့လား... ကိုယ့်ကိုပြောလေနော်... ဘာလို့ငိုနေတာလဲလို့!!!"

မေးခါမှ ပိုငိုလာမိသော ဆော့ဂျင်သည် ဂျောင်ကု ဒဏ်ရာအား ပတ်တီးစစည်းပေးရင်းပို၍ ပို၍ ငိုချလာသည်။

"ဆော့ဂျင် ကိုယ်မေးနေတယ်လေ... ဘာဖြစ်လို့ငိုတာလဲလို့... ဧကန္တ ဆော့ဂျင်ဒဏ်ရာရလာတာလား!!!"

ပြန်မဖြေပဲငိုနေသောဆော့ဂျင်ကြောင့် ဂျောင်ကု ဆော့ဂျင်အား ပခုံးမှကိုင်ကာ အသေးစိတ်ကြည့်နေသည်။

"အရူးကောင်... လူကိုစိတ်ပူအောင်လုပ်တယ်!!!"

"ဟမ်... ဆော့ဂျင် ဘာကိုပြောတာ!!!"

"အဲ့တစ်ယောက်က အဲ့လောက်တောင် အရေးကြီးလို့လားလို့...သူ့အတွက် ကာကွယ်ပေးရအောင်..ခင်ဗျားအသက်ကိုရော ထည့်မစဥ်းစားဘူးလား!!!"

"....."

"ဘယ်လိုပဲ မင်းသမီးဖြစ်နေပါစေ... ခင်ဗျားအတွက် ခင်ဗျားအသက်က ပိုအရေးကြီးတာမသိဘူးလား!!!"

"ကိုယ်တောင်းပန်ပါတယ် ဆော့ဂျင်... ကို့အတွက်နဲ့ မင်းငိုနေခဲ့ရပြီ!!!"

"ခင်ဗျားသာ တစ်ခုခုဖြစ်သွားရင်.... ကျနော်ဘယ်လိုလုပ်မလဲ!!!"

ငိုရှိုက်ရင်းနှင့်ပင် ဆော့ဂျင်၏ စကားလုံးတို့သည် နက်နဲသော အနေအထားတစ်ခုသို့ တစ်ဖြည်းဖြည်းဆင်းသက်လာခဲ့သည်။

"ဆော့ဂျင်က ကို့အတွက် အများကြီးစိတ်ပူနေပေးခဲ့တာပဲ... ကို နောက်ဆို သတိထားပါ့မယ်!!!"

A Film of Myth (ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်) CompletedWhere stories live. Discover now