ဧည့်သည်တွေ ပြန်သွားတဲ့အခါမှ ဖိုးဖိုးက အခန်းထဲ၀င်လာပြီး သက်တိုင်ကိုအကျိုးအကြောင်းမေးတယ်။ အကျိုးအကြောင်းတွေအရှည်ကြီးမပြောချင်တော့လို့နားလည်မှုလွဲသွားရုံပါလို့ ဖြေလိုက်တော့ ဖိုးဖိုးက ဘာမှတော့ ထပ်မေးမလာပါဘူး။ အဲ့ဒီအစား ကောင်လေးအကြောင်းတော့ ထပ်သိလိုက်ရပါတယ်။

ကောင်လေးက မြန်မာနိုင်ငံရဲ့ ထိပ်တန်းလုပ်ငန်းစုတစ်ခုဖြစ်တဲ့ Prince GPရဲ့ တစ်ဉီးတည်းသောသား၊ မနက်ကပါလာတဲ့ အမျိုးသား နဲ့ အမျိုးသမီးကတော့ ကောင်လေးရဲ့ အဖေ နဲ့ အမေ ဖြစ်ပြီးတော့ Prince ရဲ့ အဓိက ပဲ့ကိုင်ရှင်တွေပါပဲ၊ သူတို့က လူမြင်ကွင်းကို မျက်နှာထွက်ပြလေ့မရှိတာမို့လို့ သက်တိုင်က မသိလိုက်ခြင်း ဖြစ်ပါတယ်။ ပြီးတော့ ကောင်လေး နာမည်က ဗညားငယ် တဲ့။

"ဟူး... ကိုယ်တို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်ကြအုံးမှာလဲ ဗညားငယ်"

..... .....

တစ်ဖတ်တွင်လည်း ဒေါ်နုနုငယ် နဲ့ ဦးဇေယျထွန်း တို့ ဇနီးမောင်နှံနှစ်ယောက် ဟိုအိမ်က ပြန်လာပြီးကတည်းက စိတ်နဲ့လူနဲ့ မကပ်ဘဲ ထိုင်တော့မလို ထတော့မလို ဖြစ်နေတဲ့ သားတော်မောင်ကို ကြည့်ပြီး သက်ပြင်းတချချ ဖြစ်နေကြတယ်။ ပြီးတော့ သားငယ်လေး ဒီလောက်ထိ လှုပ်ခတ်အောင်လုပ်နိုင်တဲ့ သူက ဘယ်သူ ဖြစ်မယ်ဆိုတာ သူတို့နှစ်ယောက်လုံးသိပြီးသား။ ပြင်ဉီးလွင်က အပန်းဖြေအိမ်ကို တစ်မိသားစုလုံးလာအနားယူကာမှ ဒီလို ဆုံတွေ့ရတဲ့ ကံကြမ္မာကတော့ ဆန်းကြယ်လွန်းပါတယ်။

"သားရယ် စိတ်အေးအေးထားပြီး မားမားတို့နဲ့ ဒီမှာ ခဏလာထိုင်ပါအုံး"

"မထိုင်နိုင်ဘူးဗျ မားမား သိတယ်မလား
ပါးပါး အဲ့ဒါသူပဲဗျ သူပဲ နောက်ဆုံးတော့ ကျွန်တော်ရှာတွေ့ပြီ..."

"ဟုတ်ပါပြီကွာ ငါ့သားလေး အဲ့လောက်ထိတွေ့ချင်နေတဲ့သူကို တွေ့ရလို့ ပါးပါး တို့က ဂုဏ်ယူပါတယ်ဗျာ"

နှုတ်ခမ်းရဲရဲလေးတွေ ကွေးညွှတ်ပြီး မျက်လုံးလေးတွေပိတ်ကျလောက်တဲ့အထိ ပြုံးနေတဲ့ သားလေးက အတိုင်းမသိပျော်နေပုံရပါတယ်။ ဘာတွေဖြစ်နေနေ သားလေး ပျော်နေဖို့က အရေးအကြီးဆုံးပါပဲ။

"သူ့ကိုလည်းတွေ့ပြီဆိုတော့ ပါးပါး နဲ့ မားမား တို့ပေးထားတဲ့ ကတိကို တည်ဖို့ပြင်ထားနော်"

"ဘာကတိလဲ သားရဲ့"

"ဟာ ပါးပါးတို့က ဗျာ သူ့ကိုရှာတွေ့ရင် လိုက်တောင်းပေးမယ်ဆိုတာလေ
ဘာလဲ မတောင်းပေးချင်တာလား ရတယ်နော် ကျွန်တော့်နည်း ကျွန်တော့်ဟန် နဲ့ ရအောင်ယူမှာ..."

"မဟုတ်ပါဘူး သားငယ်ရယ် မားမား တို့က လိုက်တောင်းပေးမယ်နော် ဟုတ်ပြီလား"

"ရေး... ဒါမှ ကျွန်တော့်  ပါးပါး နဲ့ မားမား"

"အဲ့လောက်တောင် ပျော်လား မားမား ရဲ့ မင်းသားလေး"

"ပျော်တာပေါ့ မားမား ရဲ့ အခုချိန်တစ်ကမ္ဘာလုံးမှာ အပျော်ဆုံးလူက ကျွန်တော်ပဲ ဖြစ်နေမှာ..."

*ကျွန်တော့်ရဲ့ အိပ်မက်မင်းသားလေးရေ ခင်များက ကျွန်တော့်လူ ဖြစ်လာဖို့ လုံး၀မစောင့်နိုင်တော့ဘူးဗျ*

...... ......

Note:

ဗညားငယ် ဆိုတာကလေ ဗညားဆိုတာက မင်းသား လို့ အဓိပ္ပာယ်ရတယ်။ ဗညားငယ် ဆိုတော့ မင်းသားငယ်(မင်းသားလေး)ပေါ့နော်။
အဲ့ဒါကြောင့် မားမား ရဲ့ မင်းသားလေး လို့ခေါ်လိုက်တာပါ။

ဒီထဲမှာ ကျွန်တော့်သားအငယ်လေးက nickname တော့နည်းနည်းများတယ်ဗျ😆

"အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ"(Completed)Where stories live. Discover now