ပစ္စည်းများကို စုပေါင်းစုဆောင်းသယ်ဆောင်လာသောကြောင့် လူအနည်းငယ်သည် အိမ်ကို ပြန်ရောက်သောအခါ ပါလာသည့်အရာများဖြင့် မည်သို့ပြန်လည်ပြုပြင်ရမည်ကို အချင်းချင်း ဆွေးနွေးရင်း စောင့်ဆိုင်းနေကြသည်။ ပစ္စည်းများကို သက်ဆိုင်ရာအိမ်များအတွက် နှစ်ပိုင်းခွဲ၍ ကျန်တစ်ပိုင်းကို ခုနစ်ပိုင်းခွဲပြီးချိန်မှာ လူတိုင်းမလိုအပ်သည့် သတ္တုပြားများ၊ အခြားအရာများသည် ယန်ဖေးအတွက် ဖြစ်သည် ။ လီထယ် နှင့် အခြားသူများသည် မူလက ယန်ဖေးကို ပိုပေးချင်ကြသည် - ယန်ဖေး သည် စွမ်းရည်အသုံးပြုသူဖြစ်ပြီး သတ္တု စွမ်းအားများကို အရင်က သူတို့ တခါမှ မကြားဖူးခဲ့ပေ။
သူ၏ ခွန်အားက ပို မြင့်မားလာခဲ့လို့ ယခုတစ်ကြိမ်တွင် လူတိုင်းကို ဘေးကင်းစွာ ဆုတ်ခွာနိုင်သဖြင့် ယန်ဖေးရဲ့ စွမ်းရည်နဲ့ ဆက်စပ်နေသည့် သတ္တုနှင့် အလားတူပစ္စည်းများကို သူတို့ဝေစုအဖြစ် ထည့်မတွက်ခဲ့ပေ။
ဒါပေမယ့် ယန်ဖေး က ငြင်းဆန်ခဲ့ပြီး ကျန်သူတွေကို ညီတူညီမျှခွဲပေးခဲ့သည်။ သူက လော်ရွှင့် နှင့် အတူနေသဖြင့် နေရေးထိုင်ရေး၊ စားရေးသောက်ရေးမှာ ပူပန်စရာသိပ်မလိုပေ။ လီထယ်နဲ့ အခြားလူတွေက သာမန်လူများဖြစ်သော်လည်း ထက်မြက်သော အရည်ချင်း ရှိသော်လည်း သူတို့၏အရည်အချင်းကို အခြေခံ၍ ပစ္စည်းကောင်းများရရှိရန် အခွင့်အလမ်းနည်းပါးသော်လည်း သူ့ကတော့ ဒီလို ပစ္စည်းကောင်းတွေကို အချိန်မရွေး အလွယ်တကူ ရယူနိုင်သည်။
တံတိုင်းတွေကို စစ်တပ်က သတ္တုဖြင့် ကြံ့ခိုင်အောင် ပြုပြင်ပေးရာတွင် သူက ပါဝင်လုပ်ဆောင်ခဲ့မယ်ဆိုရင် သူရမယ့် ဝေစုနဲ့ အမှတ်တွေက လီထယ်တို့ ရတာထက် အများကြီးပိုရနိုင်သည်။ လော်ရွှင့်် က သူ့စွမ်းရည်ကို လူအများကြီးကို ထုတ်မပြချင်သော်လည်း လက်နက်ရောင်းချမှုပြုလုပ်ရန် အိမ်တွင် သတ္တုနဲ့လက်နက်တွေကို ကောင်းကောင်းပြုလုပ်နိုင်သည်။ လက်နက်အတွက် သတ္တုကို လိုအပ်သလို နေ့စဉ်ဘဝသုံးပစ္စည်းများအဖြစ်သို့ ပြောင်းလဲရန် သူ၏စွမ်းအားကိုပင် အသုံးပြုနိုင်သည်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies
Chapter (40) _ကိုလူချောရဲ့ ရေချိုးပြီးစ အလှ
Start from the beginning