"ကလေးမ "
"ရှင်"
"လက်ပေးလေ"
ကမ်းပေးလာသောထိုအမျိုးသမီး၏လက်တစ်စုံအား အူတူတူကလေးကြည့်နေမိသည်။ဒါဟာ ဒါဟာလေ ကျွန်မအတွက်အံ့ဩစရာ။"ဟုတ်"
"မင့်နှယ် အူတူတူအတတနဲ့ ဟိုယောက်ျားတွေနဲ့လည်းအဲ့သလိုပဲလား"
"မ မဟုတ်ပါဘူး အန်တီရဲ့"
"ဒါဖြင့်ဘာလို့ မထုံတတေးလုပ်နေသလဲ××မင်းတခြားသူတွေဆိုအဲ့သလိုမှမဟုတ်....."
"ကျွန်မ(၇)နှစ်အတွင်း အမျိုးသမီးတစ်ယောက်လက်ကိုပထမဆုံးပြန်ကိုင်ဖူးတာပဲအန်တီ"
"ဘယ်လို"
"မင်းတို့တန်းလျားမှာ မိန်းကလေးတွေအန်တီတွေ့ခဲ့သား""သူတို့ကအခုလိုလက်ပေးဖို့အနေသာ
တစ်ယောက်နဲ့တစ်ယောက်မနာလိုကြဘူးကို""ဧည့်သည်အလာများတဲ့သူက တန်းလျားမှာဦးစားအပေးခံရဆုံးနဲ့ နာမည်အကြီးဆုံးပဲလေ"
"အန်တီနားမလည်ဘူးကွယ်..... ဒီလုပ်မှာတောင်ဦးစားပေးခံရမခံရရှိသေးသလား"
"ရှိတာပေါ့ အန်တီရဲ့ ထမင်းစားချင်ရင်ဧည့်သည်အလာများအောင်ခေါ်နိုင်ရမယ်လေ ××ဟင်းကောင်းကောင်းစားချင်ရင် ယောက်ျားတွေအကြိုက်လိုက်နိုင်ရမယ်......အဝတ်လှလှဝတ်ချင်ရင် ယောက်ျားတွေသဘောကျအောင် ပြုစုတတ်ရမယ်"
"ကျွန်မ ရောက်တုန်းကဖြင့်ထမင်းတောင်မစားရဘူး"
"ကလေးမရယ် မင်းဘာကြောင့်ဒါတွေလုပ်နေရသလဲ×× ဒီအလုပ်တွေမကောင်းမှန်းသိရဲ့နဲ့လုပ်နေရသလား"
"မင်းမိဘတွေ အဆင်မပြေလို့လား ဒါကြောင့်ဒီအလုပ်ကိုလုပ်နေရတာလား"
"မဟုတ်ပါဘူး!! မဟုတ်ဘူး ယိမ်းမိဘတွေကိုယိမ်းအရှေ့တင်သူတို့သတ်ခဲ့တာ"
ဘုရားရေ ဒီကလေးမ ဘယ်လောက်တောင်ခံစားလိုက်ရမလဲ ကိုယ်ချင်းစာပါဘိ။ရောဂါဖြင့်ဆုံးပါးရှာသောမိဘနှစ်ပါးအား သူမပင်အလွန်မှငိုကျွေးခဲ့ရသည်။ထိုကလေးမအဖြစ်ကသူမထက်အဆတစ်ရာမက ခံစားခဲ့ရမည်။
"ကလေးမ အန်တီ့ကိုကြည့်"
မျက်နှာနုနုကလေးအား လက်ဖြင့်ပွတ်သပ်၍ဆိုပြန်သည်။
YOU ARE READING
"မာနခေါင်ခိုက် သိန်းထိုက်သည်"
Actionစကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြစ် နေတတ်ပါတယ် ကျွန်မက ပြည့်တန်ဆာမတယောက်ဆိုတော့