ဝမ်ကောကလင်းယွီအားတစ်ချက်ကြည့်ကာ
" မင်းငါ်ကိုရိုးသားတယ်...ဒီ လောင်ကျစ် ကပိုက်ဆံလိုချင်ရုံပဲ " ( 老子-Lao zi - လောင်ကျစ် )လင်းယွီကခေါင်းကိုညိတ်လိုက်ပြီးသူ့နှလုံးခုန်သံကလည်းပေါက်ထွက်တော့မယောင်ဖြစ်နေ၏
ကံကောင်းလို့သူကပိုက်ဆံပဲလိုချင်လို့ပေါ့
ညသန်းခေါင်ယံအချိန်လောက်တွင်လင်းယွီ အိပ်ပျော်နေရာမှရုတ်တရက်နိုးလာခဲ့၏စွန်းဖိန်နှင့် မျောက်ပိန်သည်လည်းပြန်လာခဲ့ပြီဖြစ်သည်...ထိုမျောက်ပိန်ကသူ၏ကျောပေါ်တွင်လူတစ်ယောက်ကိုတင်ကာထမ်းလာ၏
လင်းယွီကသူ့မျက်လုံးကိုသေသေချာချာဖွင့်ကာ
ကြည့်လိုက်တော့ထိုမျောက်ပိန်၏ကျောပေါ်ရှိလူမှာအန်းချိန်ဖြစ်နေသည်ကိုတွေ့လိုက်ရ၏
သူထိုလူအားအန်းချိန်ဖြစ်မည်ဟူ၍တော့မျှော်လင့်မထားခဲ့ပါစွန်းဖိန်ကအန်းချိန်အားသူ့ဘေးသို့ချခိုင်းလိုက်ပြီးသူ၏လက်များကိုကြိုးအထူနှင့်ချည်ကာလင်းယွီကဲ့သို့ပါးစပ်ကိုလည်းတိပ်နှင့်ပိတ်လိုက်၏
လင်းယွီကတော့ဆက်၍သာအိပ်ချင်ယောင်ဆောင်နေလိုက်သည်ဝမ်ကောကအိမ်သာမှပြန်လာသော်မြေပြင်ပေါ်ရှိလူများကိုတွေ့လိုက်ရ၏
" နောက်ထပ်လူတစ်ယောက်ကိုဘာလို့ခေါ်လာရပြန်တာလဲ "စွန်းဖိန်: " လူနှစ်ယောက်ဆိုတော့စျေးနှစ်ဆရတာပေါ့..ဘာပဲဖြစ်ဖြစ်ဒီကောင်ကပိုချမ်းသာတယ် "
မျောက်ပိန်ကမေးလိုက်သည်
" ဒါဆို ငါးသန်းကနေ ဆယ်သန်းရသွားပြီဆိုတဲ့သဘောပေါ့ "စွန်းဖိန်ကခေါင်းခါကာ " မဟုတ်ဘူး..ငါက သန်း ၁၀၀ လိုချင်တာ "
" သန်း..သန်းတစ်ရာ "
မျောက်ပိန်ကထိုပမာဏအများကြီးအားစိတ်ကူးထဲတွင်ပင်မတွေးခဲ့ဖူးတာကြောင့်စကားများပင်ထစ်ကုန်၏ဝမ်ကောကမျက်မှောင်ကြုတ်ကာ
" မင်းပိုက်ဆံတွေအများကြီးနဲ့ဘာလုပ်မလို့လဲ..ငါးသန်းဆိုရင်တော်ပြီလေ "စွန်းဖိန်ကဝမ်ကောအားမထီမဲ့မြင်မျက်လုံးများဖြင့်တစ်ချက်ကြည့်လိုက်ကာ
" ငါးသန်းလေးနဲ့ဘာသွားလုပ်ရမှာလဲ...*သွားကြားထဲမှာပဲညှပ်သွားလိမ့်မယ်* "
(塞牙缝-Stuck between teeth..ပြောချင်တာကတော့ ဒီလောက်ပမာဏနည်းနည်းလေးနဲ့ဘယ်လိုလုပ်သူနဲ့အံဝင်ခွင်ကျဖြစ်မှာလဲဆိုတဲ့သဘောပါ ..
ငွေပမာဏအရမ်းနည်းတယ်ပေါ့ )
YOU ARE READING
အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )
Non-FictionOriginal author~薛火火 Sauce _ 白月光回来后替身离开了 I own nothing of this novel #Full credit to original author Mm trans by jjkalix
Chapter 61(Uni)
Start from the beginning