"မရီပါနဲ့"
"ဆော်ရီး သဘောကျလို့ပါ ဘယ်ယောကျာ်မဆို ကိုယ့်ရဲ့စွမ်းဆောင်ရေကိုချီးကျူးရင်သဘောကျတာပဲလေ "
"------"
"အိပ်အုန်းနော် ကိုယ်ပြန်လာမယ် "
"အင်း "
************************
"ကျတော်ခွင့်တရက်လိုချင်လို့ပါ "
ဆေးရုံအုပ်ကြီးဆီဖုန်းဆက်ခွင့်ယူရသည်။ ကိုယ့်အနေနဲ့ ပါပါးပိုင်ဆေးရုံပေမဲ့ ဝန်ထမ်းကဝန်ထမ်းပဲမို့ ဝမ်းထမ်းစည်းမျည်းကိုလိုက်နာပါသည်။ စွယ်တာလက်ရှည်ကိုပင့် အသီးအရွက်နဲ့ ကြက်သားဆေးကြောပီး ဆန်ပြုပ်လုပ်ဖို့ပြင်ရသည်။.
"အကိုလေ ဘာလုပ်ချင်လို့လဲ "
"YU အတွက်ဆန်ပြုပ်လုပ်ပေးမလို့ ".
"အန်တီလုပ်ပေးမယ်လေ "
"ရတယ် အန်တီနားလိုက်နော်"
ပြောလို့သာပြောရတာ မနက်ခင်းထဲက ဆင်းနေကျအချိန်ဆင်းမလာကြတာရယ် အကိုလေး လည်ပင်းက အနီကွက်အချို့ရယ် ဖျားနေပီဆိုတဲ့ YU ရယ်ကြောင့် ကောင်မလေးတွေပြုံးစိစိဖြစ်နေကြပီ ။ Mai Mai ကအဆိုးဆုံး သူက YU ကိုအတော်ခင်မင်တာ။ သိသင့်သလောက်သိတာမို့ ဆက်ဆံရေးတဆင့်တက်တာကို အိမ်သားတိုင်းဝမ်းသာရပါသည်။
ရပ်ကြည့်နေသေးတဲ့အိမ်သားတွေကို Lin ZiHong လှည့်ကြည့်ပီး
"ဘာလုပ်နေကြတာလဲ "
"အော် ကူစရာရှိရင်ကူရအောင်ပါ "
"ရပီ ရပီ အော်ပီးတော့ အခန်းထဲက လျော်စရာတွေ ကျတော့်ဘာသာစက်ထဲထည့်လိုက်မယ် အဟမ်း ဝင်မယူနဲ့ YU အိပ်နေတယ် "
"အော်ဟုတ်ပီ ဟုတ်ပီ "
ပြုံးစိစိတင်မကပဲ တဟိဟိဖြစ်ချင်နေကြတဲ့ ကလေးမတွေကိုပါလက်တို့နောက်ခေါ်သွားရတော့သည်။
***************
"စားပါအုန်း "
ခွံကျွေးနေတာကို ဆက်မစားပဲ သူ့ကိုမော့ကြည့်နေသည်မို့ တက်စားဖို့ပြောရသည်။ ဒီကောင်လေးဘာတွေးနေပြန်ပီလဲ ။
"ကိုယ့်အခန်းမှာပဲနေရတော့မယ်နော် YU"
ခေါင်းညိမ့်သည်။ ဆက်စပ်မှုသည် စာချုပ်စာတန်းထက်ပိုခဲ့ပီမို့ တူနှစ်ကိုယ်အတူရှိတာမှသဘာဝကျလိမ့်မည်။ Lin ZiHong သည် သူ့ဆံပင်လေးတွေကိုသပ်တင်၍
"မဝံ့မရဲပေမဲ့ ကိုယ်မင်းကိုအပိုင်ရခဲ့ပီ မင်းလည်းကိုယ့်ကိုပိုင်ပီ"
"ကျတော်က လူပဲပိုင်တာလားလို့တွေးနေမိတယ် ကျတော်က သူများချစ်ခြင်းကိုခွဲခဲ့တာလားလို့ စိတ်မကောင်းဖြစ်တယ် ကျတော်က ဒေါက်တာZi ရှေ့ဆိုသိမ်ငယ်မိတယ်"
စိတ်ထဲရှိတဲ့အတိုင်း YU ပြောလိုက်မိပါသည်။
"မင်းကိုကိုယ်မချစ်ဘူးလို့ဘာလို့ထင်ရတာလဲ "
"ကျတော်က "
"တော်ပီ မပြောနဲ့တော့ ဆေးသောက်ရအောင် လမ်းလျောက်နိုင်ရဲ့လား ဆေးထည့်ပေးရအုန်းမလားဆိုတာကြည့်ရအောင်"
"ဟင်အင့် မကြည့်နဲ့"
နီရဲနေတဲ့ မျက်နှာလေးကို အသဲယားလို့ဆွဲလိမ်ပစ်သည်။
"လာပါ ချာတိတ်ရာ ကိုယ်အကုန်မြင်ဖူးထားပီပဲ "
"ဟင့်အင်း အဲ့ဒါညတုန်းကလေ အခုက လင်းထိန်နေတာ "
"အော် မှောင်နေရင်တော့မရှက်ဘူးပေါ့ "
ပါးစပ်က အသံမထွက်တော့ လက်သီးစုတ်လေးတွေသာသူ့ရင်ဘတ်ပေါ်ကျလာတော့သည်။ အိထွေးနေတဲ့လက်ကလေးကိုဆွဲကိုင်ပီး ဆွဲယူဖက်ထားတော့ သူ့ရင်ခွင်ထဲ ငြိမ်ငြိမ်လေး။
"ဒီလိုပဲ အမြဲဖက်ထားမယ်"
YU ပြုံးနေရသည်။ ချစ်တယ်လို့ တိတိကျကျမပြောပေမဲ့ ဒီလိုလေးကြင်နာယုယခံနေရတာလည်းကျေနပ်ပါသည်။ သူကတော့ ချစ်နေရသူမို့ ချစ်ရသူကအချိုပေးပေးအခါးပေးပေးကျေနပ်နေမှာပါ။
YOU ARE READING
နူးညံ့စွာပျော်ဝင်သော
Fanfictionချစ်မိမှန်းမသိချစ်မိပါတယ်။ မင်းကိုတော့နူးနူးညံ့ညံ့ပျော်ဝင်မိလေရဲ့။