ထိုကလေးလေးကိုမမွေးစားခင်အထိသူကသာအိမ်မှာအငယ်ဆုံးဖြစ်ခဲ့တာမို့ ထိုကလေးအိမ်ရောက်လာပြီးနောက်
ဦးစားပေးရတာတွေ ၊ မျက်တောင်အရှည်ကြီး‌တွေနှင့်အလွန်ချစ်စရာကောင်းတာမို့ အဘိုးအဘွားတွေကအစလက်ပေါ်ကမချခဲ့တာကြောင့် နည်း"စိတ်ဆိုးမိသလိုဖြစ်ခဲ့ပေမယ့် ဒါက ကလေးတိုင်းဖြစ်တတ်တဲ့အရာတွေမလား ။

နောက်နှစ်နှစ်ကြာတော့ Jisungieကိုမွေးသည် ။
ပထမဦးဆုံးသွေးသားညီလေးဆိုတော့ သူ့မှာတုန်နေအောင်ချစ်ရတာပါပဲ ။
သို့သော် ညီပေါက်စလေးက အသက်တအားကြီးကွာတဲ့သူ့ကိုသိပ်မခင်ပဲ နှစ်နှစ်လောက်သာကွာသော ထိုနာနာဆိုတဲ့ကလေးကိုသာ သိပ်ခင်တွယ်သည် ။

နှစ်ယောက်ဆက်ဆံရေးမှာ သူကအပိုလူဖြစ်ခဲ့ပေမယ့် မညာတမ်း၀န်ခံရရင် ထိုကလေးမရှိရင်ကောင်းမယ်ဆိုတဲ့အတွေးမျိုးတွေးမိခဲ့ပေမယ့်လည်း....

ဖြစ်ပုံက Jisungieဒယ်ဒီရယ်၊ သူရယ် ၊ ကလေးနှစ်ယောက်ကိုကစားကွင်းလိုက်ပို့ရင်းနဲ့ရုတ်တရက်ဆိုသလိုပျောက်သွားခြင်း ။

သက်ဆိုင်ရာရဲစခန်း၊ နေရာပေါင်းစုံကနေသူတို့လိုက်ရှာခဲ့ပေမယ့်ထူးဆန်းစွာအစအနမရှိပျောက်ဆုံးသွားခြင်းဖြစ်သည် ။

မထင်မှတ်ထားတဲ့ရာသီဥတုအခြေအနေကြောင့် ရှာဖွေရေးမှာအချိန်ကြန့်ကြာတာတွေလည်းရှိခဲ့သည်။

ထိုကိစ္စတွေဖြစ်ပြီးကတည်းက Jisungieကသူ့ကိုစကားသိပ်မပြောတော့သလို အခြေအမြစ်မရှိတဲ့ကောလဟာလတွေကလည်းအိမ်တော်ထဲအပြည့် ။

Jisungieတဖြည်းဖြည်းကြီးလာတော့ ထိုကောလဟာလတွေကပိုမို ကြီးမားလာပြီး သူ့ကိုအထင်အမြင်လွဲနေခဲ့တော့သည် ။

အရင်လိုအခြေအနေပြန်ရောက်ဖို့ ကြိုးစားတိုင်း

“ ကိုကို့ကို သက်သက်မဲ့ပျောက်အောင် ကိုကြီးဖန်တီးလိုက်တာမလား ၊ ဒီလိုမျိုးကျွန်တော့်ကိုသိပ်ဂရုမစိုက်ပြပါနဲ့ အနေရခက်အောင် ”

အဆုံးသတ်က အရွဲ့တိုက်စကားနှင့်သာ ။

အထင်လွဲမှုမျဉ်းပြိုင်တွေက သူတို့ဆက်ဆံရေးကိုအေးစက်စေခဲ့ပြီး မာမီကော ဒယ်ဒီတို့ကောမရှိတော့သည့် အချိန်မှာ အခုလိုတယောက်တည်းဖြတ်သန်းစေခဲ့တာပါပဲ ။

𝙼𝙸𝙽𝙴 ( 𝚂𝚎𝚊𝚜𝚘𝚗 2 ) ( Hiatus )Where stories live. Discover now