Noze- ဝါးးး~ ဟယ်လို?

Leejung- ဘာလဲ? အိပ်ချင်မူးတူးအသံနဲ့ပါလား အခုထိမထသေးတာလား noze?

Noze- ဟုတ်တယ် မနေ့ညကအိပ်တာနောက်ကျသွားတယ် အောက်ရောက်နေပြီလား အစ်မက?

Leejung- အွန်း ရောက်နေပြီ အမြန်အသင့်ပြင်ပြီးဆင်းခဲ့တော့ စောင့်နေမယ်

Noze- ok!
                       ------------------------------
နာရီ၀က်အကြာ-
Nozeအောက်ထပ်ဆင်းလာတော့ မန်နေဂျာအစ်မက ဆိုဖာပေါ်မှာထိုင်စောင့်နေတယ်။

Noze- ဆောရီး အစ်မ စောင့်ရတာကြာသွားလား?

Leejung- ရပါတယ် အရင်တုန်းကလဲဒီလိုပဲစောင့်ခဲ့တာကို

Noze- ဒီနေ့အချိန်ဇယားက အကတိုက်တာပဲမလား?

Leejung- ဟုတ်တယ်

Noze- နေအုံး aikiနိုးပြီလားသွားကြည့်လိုက်အုံးမယ်

Mrs.Jo- မမလေး သူမနက်အစောကြီးထဲကထွက်သွားတာ

Noze- ဟင်? ဟုတ်လား? Aikiကတော့လေ မပြောမဆိုနဲ့ မနက်စာတူတူစားမလို့ပါဆို...

Leejung- ထားလိုက်စမ်းပါ အိမ်ပေါ်တင်ခေါ်ထားတာတောင်လွန်နေပြီ မနက်စာတူတူစားဖို့ကြံနေတာလား noze?

Noze- အစ်မကလည်း သူငယ်ချင်းနဲ့အတူမနက်စာစားတာဘာဖြစ်လဲ ပြီးတော့သူကမိန်းကလေးလေ ကောလဟာလမထွက်လောက်ပါဘူး

Leejung- ကောလဟာလထွက်တယ်ဆိုတာ ယောက်ျားလေးမှမဟုတ်ဘူး မိန်းကလေးနဲ့ရင်းနှီးတာထက်ပိုနေရင်လည်း ဖြစ်တာပဲ

Noze- အစ်မနော် ဘာတွေလျှောက်ပြောနေတာလဲ? ကျွန်မတို့ကဘယ်လိုနေနေလို့လဲ?

Leejung- ကြည့်ပါလား ဒါလေးပြောတာကိုမျက်နှာတွေနီလာပြီ မင်းကကိုဖြစ်နေတာ nozeရဲ့ သိရဲ့လား? ဟိုကမင်းကိုသူစိမ်းတစ်ယောက်လိုတောင်ဆက်ဆံတာမဟုတ်ဘူး

Noze- သူကအဲ့လိုမျိုးမဟုတ်ပါဘူး အကြောင်းရှိလို့သူစိတ်ဆတ်နေတာပါ

Leejung- အေး အဲ့မှာကာကွယ်ပေးနေလိုက် နောက်မှသူ့ကြောင့်ဆိုပြီးမျက်ရည်ကျဖို့မကြံနဲ့နော်

Noze- ကဲပါ အစ်မရယ် သွားရအောင် နောက်ကျနေအုံးမယ် 
                         -----------------------------
At SWF,

Can I just... love you?Where stories live. Discover now