Uni
"နာမည်က..?""ကိုရီးယားနာမည်က Park Jiminပါ ကျွန်တော့်ရဲ့ဆွေမျိုးဝေးမို့မင်လေးက Parkမျိုးရိုးဖြစ်သွားတာပါ အနောက်တိုင်းနာမည်ကတော့ Angel Minပါ"
သူနှင့်အသက် 5နှစ်လောက်ကွာသော ကောင်လေးကိုခြေစခေါင်းဆုံးကြည့်မိသည်။ ငယ်ရွယ်ပေမယ့် အရွယ်လေးနဲ့မလိုက်အောင် ဖုံးကွယ်နေတဲ့အလှတရားတွေကဖော်ကြူးမထားပဲနဲ့တောင်သိသိသာသာပေါ်လွင်နေပါသည်။
ကောင်လေးအကြောင်းအကုန်သိသွားရပြီဆိုပေမယ့်သူ့စိတ်ထဲမတင်မကျနဲ့လုံးလုံးမရှင်းသေးသော question markနီနီနဲ့မေးခွန်းကြီးတစ်ခုကျန်နေပါသေးတယ်...။မေးလိုက်ရင်ကောင်းပါ့မလား..?။
"သခင်လေး ပညာတော်သင်ဖို့သွားရပါဦးမယ်"
ဟုတ်သားပဲ....။သူကပန်ချီဆွဲတာကိုဝါသနာပါပြီး ပန်ချီကျောင်းမှာပညာတော်သင်နေတဲ့သူလေ...။သူစိတ်မပါရင်မသွားလို့ရပေမယ့် ဒါကသူကိုယ်တိုင်အတက်မြောက်ချင်ဆုံးအလုပ်ဖြစ်တာကြောင့်အရှေ့ကကောင်လေးဆီရောက်နေသောအာရုံအလုံးစုံ ကိုဖြတ်တောက်ကာ ပန်းချီကျောင်းတော်သို့သွားရန်ဆုံးဖြတ်လိုက်သည်။
သူသခင်လေးမှန်းသိပြီးထဲကဘာမှဝင်မပြောပဲ 2ယောက်သားအားကြည့်ကာငြိမ်ကျနေသောကောင်လေးကိုခေါ်လိုက်သည်။
"Jimin"
"ဟုတ်...ဟုတ်ကဲ့"
"စစ်သူကြီးKimနဲ့သက်တော်စောင့်kimတို့ရဲ့အမျိုးအဆွေဖြစ်ပြီးမင်းကအခုမှနန်းတော်ထဲရောက်ဖူးတာလား"
"ဟုတ်..ပါတယ်"
"လျှောက်ကြည့်ချင်လား"
"ဗျ..ဗျာ..?"
"လျှောက်ကြည့်ချင်လားလို့"
တော်ရုံဆိုဘာမှမပြော..။သခင်လေးကသေးသေးမွှားမွှားကအစစိတ်ဝင်စားတက်တယ်ဆိုပေမယ့် အရေးကြီးတာပဲဖြစ်ဖြစ်အရေးမကြီးတာပဲဖြစ်ဖြစ် နန်းတော်အတွက်ဂရုတစိုက်နဲ့တိတ်တဆိတ်ပဲဖြေရှင်းပေးတက်သည်..။စကားတွေလည်းအများကြီးပြောမနေ..။တစ်ခါတည်းနဲ့အသေအချာအတိအကျလုပ်သောသူဖြစ်သည်..။ မလိုအပ်တဲ့သူနှင့်စကားလည်းမပြောသလို အမြင်အာရုံစိတ်ဝင်စားမှုလည်းမရှိ....။
YOU ARE READING
Liar Love
Short Storyကောင်းကင်ကြီးလို အဆုံးမရှိတဲ့အချစ်တွေနဲ့ပဲ ပေးစက်ခဲ့တာ..... ဖြူစင်လွန်းတဲ့အဖြူရောင်လေးက အရောင်တွေစုံနေခဲ့တာ မသိခဲ့လို့...မှားခဲ့မိသွားတာ။ အရောင်တွေစုံနေမှန်းသိတဲ့အချိန်အဖြူရောင်လေးကိုချစ်ခဲ့မိတာအမှားဆိုတာလည်းသူသေချာပေါက်သိခဲ့ပါတယ်..။ တစ်ချိန်ချိန်ဆိ...