နောက် ဝယ်လာတဲ့ ပစ္စည်းတွေကို ဖွင့်ချပြီး စာရေးစာပွဲခုံလေး အရင်ဆုံးလုပ်ပေးဖို့ ပြင်လိုက်သည်။ သံနဲ တူကို ယူလိုက်ပြီး အောက်ခြေမှ စလို့ တစ်ဆင့်ချင်း ရိုက်နှက်လိုက်သည်။ အချိန်တစ်ခု ကြာပြီးတဲ့အခါ စားပွဲခုံလေးက အချောသတ်ပြီးသွားတော့သည်။

ဂျယ်ဟျွန်းက နဖူးမှ ချွေးတွေကို သုတ်လိုက်ပြီး စားပွဲခုံလေးကို သားအခန်းထဲ ရွေ့ပေးလိုက်သည်။ ထိုင်ခုံကိုတော့ လှည့်လို့ရတဲ့ ခုံလေးပဲ လိုချင်တယ်ဆိုလို့ သက်သက်မှာပေးထားရသည်။

နံရံပေါ် သားကြိုက်တဲ့ အကောင်လေးတွေရဲ့ ပုံတွေကို ကပ်ပေးပြီးနောက် အခန်းလေးဟာ အကြမ်းပြီးသွားတော့သည်။

ဖုန်းသံကြောင့် ဧည့်ခန်းထဲပြန်ထွက်လာကာ ဖုန်းဖြေလိုက်သည်။

သားအတွက် လုပ်ပေးထားတဲ့ ကုတင်နဲ့ ဗီဒိုတွေလာပို့ပြီမို့ ဂျယ်ဟျွန်းဟာ တံခါးဖွင့်ရင်း စောင့်နေလိုက်ပါတော့သည်။

ကုတင်လေးနဲ့ ဗီဒိုတွေကို သေချာဆင်ပေးပြီးနောက် ကျသင့်ငွေကိုရှင်းပေးလိုက်ကာ

"ကျေးဇူးပါဗျ.."

"ဟုတ်ကဲ့ ကျေးဇူးပါ... နောက်လည်း အားပေးပါဦး"

"ဟုတ်ကဲ့"

ဂျယ်ဟျွန်းက အခန်းထဲ မီးလုံးလေးတွေ မီးအိမ်လေးတွေ တပ်ဆင်ပေးပြီး စာအုပ်စင်လေးကိုလည်း နေရာတကျ စီပေးလိုက်သည်။

80%လောက် ပြီးသွားတဲ့ အခန်းလေးဟာ သူ့အတွက်တော့ ကျေနပ်စရာပင်...

"အိုးး နောက်ကျနေတော့မှာပဲ..."

နာရီကိုကြည့်တော့ သားကို သွားခေါ်ရမယ့်အချိန်တောင် ဖြစ်နေလေပြီ..တစ်ကိုယ်လုံးလည်း ချွေးတွေရွဲထားတာမို့ ခပ်မြန်မြန်ပင် ရေမိုးချိူးကာ အဝတ်အစားလဲပြီး ထွက်လာခဲ့တော့သည်။

XXX

ခြံရှေ့ရောက်တဲ့အခါ ခြံထဲပြေးလွှားအော်ဟစ်နေတဲ့ ကလေးတွေ အသံကို အရင်ကြားလိုက်ရတော့သည်။ ဆောင်းချန်းရဲ့ တခစ်ခစ်ရယ်မောသံလေးဟာ မျက်နှာမမြင်ရတာတောင် တော်တော်ပျော်နေမှန်း သိသာစေသည်။

Try again //TYxJH//Where stories live. Discover now