" အဲ့တာ ကိုသက္​က
ကျွန်တော့်ထက် အသက်ပိုကြီးနေလို့ဖြစ်မှာပါ .."

" ကျွတ် .. ထန်
မင်းလည်း ရိပ်မိမှာပါကွာ .. ဒါနဲ့
မင်းမှာ လဲ့ရီရှိတာကိုရော ကောင်မလေးသိလား "

" ကျွန်တော့်မှာ မိန်းမရှိတယ်ဆိုတာ
သူ့ကိုပြောပြထားဖူးလို့ သူသိပါတယ် .."

" အော် .. မင်းကိုတော့လေးစားပါတယ်
အခုခေတ် ကလေးတွေလည်း မလွယ်ပါဘူးကွာ
အိမ်ထောင်သည်လည်းမရှောင် ရည်းစားရှိလည်း "

" မဟုတ်ဘူး ကိုသက် ..
အလင်္ကာက အဲ့ဒီလိုမိန်းကလေးမဟုတ်ဘူး .."

အလင်္ကာဆိုတဲ့ ကောင်မလေးရဲ့စိတ်ကို
သူ ခန့်မှန်းကြည့်နိုင်ပေမယ့်
ကိုသက်ပြောသလို. မီးမှန်းသိလျက်နဲ့
ဇွတ်တိုးနေတဲ့ကလေးတော့ မဟုတ်မှန်းသိ၍
ထန် အသဲအသန် ငြင်းလိုက်မိသည် ..။

" ဟ .. မင်းကဘယ်လိုသိလည်း
အိမ်ထောင်ရှိတဲ့မင်းကို သူက .."

" မဟုတ်ပါဘူးဗျာ .. ကျွန်တော့်မှာ မိန်းမရှိမှန်း
မသိခင် အချိန်ကတော့ သူ့ခံစားချက်တွေကို
မြင်နေရပေမယ့် ကျွန်တော်ပြောပီးတဲ့နောက်ပိုင်း
သူ့ဖက်က အများကြီးဆင်ခြင်သွားခဲ့ပါတယ် ..
အခုကိစ္စက ခင်များစ,လို့ ဖြစ်ခဲ့ကြတာပဲ
တကယ်ဆို ဒီကိစ္စက
ခင်များမှာ အများကြီးတာဝန်ရှိတယ် .."

" ဟာ ဘလိုင်းကြီး ..
ငါက မင်းကို အသစ်အဆန်းလေးတွေ
ခံစားရအောင်လို့ ဖန်တီးပေးလိုက်မိတာလေကွာ
မင်းပဲ အမျှင်မပြတ်နိုင် တန်းတန်းစွဲနေပီးတော့ .."

" ဟာ. ကိုသက္​
ခင်များစကားကြီးက .. "

" မဟုတ်လို့လား ..
ဒီကိစ္စက ဒီလိုပဲ ပီးသွားနေကျပဲ ..
မင်းကျမှ ရှင်းမယ်တကဲကဲနဲ့ .. မဟုတ်ဘူးလား "

" အဲ့တာက ..
ကျွန်တော့်ဂုဏ်သိက္ခာ သူ့ဂုဏ်သိက္ခာအတွက်ပါ
ကျွန်တော့်ကို တလွဲမထင်စေချင်သလို သူ့ကိုလည်း
ဒီလိုအလုပ်မျိုးတွေ ထပ်မလုပ်စေချင်ဘူး ..."

" မင်းရဲ့စေတနာကို
ကောင်မလေးလည်းနားလည်မှာပါကွာ .. ဒါနဲ့
အဲ့ဒီကောင်မလေးကို ဒီဆိုင်မှာမတွေ့မိတော့ဘူး .."

🌸 _ ည​မွှေးပန်း _ 🌸 [ Complete] Where stories live. Discover now