"ကယ် ဆရာပတ်ဂျီမင်ရယ် မျက်နှာသစ်ပြီး လာပါတော့ ဒီမှာ မင့်သား မျောက်လောင်း နှစ်ကောင်က မင်မနိုးမချင်း မျက်နှာမသစ်ဘူးလုပ်နေလို့ မြန်မြန်လာပါလို့"

ကလေးလေးနှစ်ယောက်အား ဆိုဖာပေါ်တင်ကာ အပေါ်ထပ်ကဇွတ်အင်နိုးစန့်က‌လေးအား
ကင်မ်ထယ် အောက်ထပ်ကနေလှမ်းအော်ခေါ်နေခြင်းပင်....

"လာပါပြီ လာပါပြီ ဟား ဖေဖေသား ဘေးတွေက အခုထိမျက်နှာမသစ်ကြသေးဘူးလား ဟင်"

ဆိုဖာပေါ်က သားသားတို့၏မျက်နှာ‌ပိစိလေးအား နမ်းကာ ဂျီမင် မေးလိုက်ခြင်းပင်...

"အွန်း ‌ပါးပါး ကိုချောင့်(စောင့်)နေတာ၊ ဒယ်ဒီ ညက်နာသစ်(မျက်နှာ( ပေးရင်ပြောင်ဘူး ပါးပါး"

သူတို့ ဒယ်ဒီဘက် လှည့်ကာ လက်ပိစိလေးအားထိုးပြ၍ တိုင်နေခြင်းပင်။

"ဟာ့ Taemin နဲ့ min hyung အားဒီပိစိလေးတွေကွာ အသက်ကသုံးနှစ်ပဲရှိသေးတယ်၊ ငါ့ကိုချွန်တွန်းလုပ်နေကြပြီ သူတို့ပါးပါးမရှိရင်ကျတော့ ဒယ်ဒီ ဒယ်ဒီဆို လိုက်ကပ်၊ လိုက်ဖက်နေကြပြီး အခုကျတော့ ဟင်း ဟင်း သတိထားနေကြ မင်းတို့ပိစိလေးတွေ"

တဟင်း ဟင်း ဖြင့် ဒေါသပြကာ ရေချိုန်းခန်းထဲ ထယ်မင်း အားချီခေါ်သွားသော မောင်အား လိုက်ကြည့်ကာ ဂျီမင်မှာအပြုံးမပျက်ပေ။

"မင်းတို့ဒယ်ဒီက တကယ်ကလေးနဲ့တူတာသိလား မင်ဟျောင်း မင်းတို့ထက်တောင် ကလေးဆန်သေးတယ် ဟား ဟား"

"ဟိ ဟိ ဟုတ်‌ရယ်နော် ပါးပါး ဟီးဟီး"

ကလေးလေး နှစ်ယောက်ရဲ့ ဝေယျာဝေစ္စတွေလုပ်ပေးပြီး မျောက်လောင်းနှစ်ကောင် ဟာ အငြိမ်မနေပေ တစ်အိမ်လုံးပတ်ဆော့ကာ အရုပ်တွေကိုလည်း လျှောက်ဖွ ထားခဲ့သေးသည်။

"မွှေလို့ဝသွားလို့ ထင်ပါတယ် အိပ်တာများ သိုး‌လို့မောင်ရယ် မောင့်သားတွေကတော့ မောင့်အတိုင်းမျောက်လောင်းလေးတွေပဲ ဟိဟိ"

ဒါကတော့ မနက်ကအဖိုးကြီးဟု ပယ်ပယ်နယ်နယ် ပြောဆိုထားသည့် ပတ်ကလေးသည် သူ့ဆိုင်ရာပိုင်ရာ ရင်ခွင်ထဲဝင်ကာ ချွဲနေခြင်းပင်"

You've reached the end of published parts.

⏰ Last updated: Jun 01, 2022 ⏰

Add this story to your Library to get notified about new parts!

Bad Boy & His PartnerWhere stories live. Discover now