အပိုင်း ၉၀၇ : အစ်ကိုကြီး.. ဆရာ့ကို လူသားတွေ ဖမ်းသွားကြပြီ

Start from the beginning
                                    

ကျားဖြူ မဟာပဏ္ဍိတသည် နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတအား လျစ်လျူရှုထားလိုက်ကာ သူ၏ မျက်လုံးများကို လင်းဖုန်းထံသို့သာ အာရုံစိုက်နေခဲ့သည်။ လင်းဖုန်းသည် ခက်ထန်သော ကျားတစ်ကောင်၏ အာရုံစိုက်မှုကို ခံနေရရုံသာမက ရှန်းလျှို မဟာပဏ္ဍိတကပင် တိုက်ခိုက်ချင်နေသည်မှာ လက်ယားနေ၏။

သို့သော်လည်း အဓိက ဇာတ်ကောင်ဖြစ်သည့် ရွှေပုစဥ်း ဆရာတော်ကမူ လင်းဖုန်းအား ကြည့်လိုက်၍ သူ၏ခေါင်းကို ခါလိုက်သည်။ "မင်းတို့နှစ်ယောက်တို့က မလောကြပါနဲ့.. မြေနဂါးဘုရင်က တိုင်ဟွာတောင်က သူ့ရဲ့ အစီအစဥ်တွေကို စွန့်လွှတ်လိုက်ပြီး ငါတို့နဲ့ လာပူးပေါင်းနေပြီ.. ငါတို့ရဲ့ အကြံတွေကို အကောင်အထည် မဖော်ခင်မှာ သူ့ကို စောင့်ကြပါဦးစို့"

ကျားဖြူ မဟာပဏ္ဍိတနှင့် ရှန်းလျှို မဟာပဏ္ဍိတတို့ နှစ်ယောက်စလုံးတို့က မျက်မှောင်များကို ကြုတ်လိုက်ကြသည်။ ဦးဆောင်သောသူက လှုပ်ရှားရန် ငြင်းဆိုနေသဖြင့် သူတို့ကလည်း ငြိမ်ငြိမ်နေခဲ့ရသည်။

ရွှေပုစဥ်း ဆရာတော်က ဖွဖွလေး နှာတစ်ချက် မှုတ်လိုက်ရာ မဟူရာ အင်းအိုင်ကမ္ဘာနှင့် မဟာကမ္ဘာတို့အား ဆက်သွယ်ထားသော အလင်းတန်း လမ်းကြောင်းသည် စတင်၍ တွန့်လိမ်လာခဲ့ကာ အချိန်မရွေး ပြတ်တောက်သွားတော့မည့်ပုံ ပေါက်နေခဲ့သည်။

လင်းဖုန်းက သူ၏ မျက်မှောင်များကို ကြုတ်လိုက်၏။ "ဘာဖြစ်လို့ ခင်ဗျားက အလောတကြီး ထွက်သွားချင်နေတာလဲ"

သူသည် အလင်းတန်း လမ်းကြောင်းအား ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ အဆောင်လက်ဖွဲ့များ တစ်တန်းပြီးမှ တစ်တန်းတို့သည် ဟင်းလင်းပြင် အတွင်းတွင် လင်းလက်လာခဲ့ကာ နှင်းဆီရောင် အလင်းတန်းများက အလင်းတန်း လမ်းကြောင်းအပေါ်သို့ ကျရောက်လာကြပြီး ပြန်လည်၍ ခိုင်မာအောင် တည်ဆောက်လိုက်သည်။

ကောင်းကင် သယ်ယူပို့ဆောင်ခြင်း နည်းစနစ်မှ သက်တန့်ရောင် အလင်းတန်းများသည် အလင်းတန်း လမ်းကြောင်းအတိုင်း ဆန့်တန်းလာကြကာ မဟူရာ အင်းအိုင်ကမ္ဘာအား မြဲမြံစွာနှင့် ပိတ်ဆို့ထားလိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now