ရေချိုးခန်းထဲကပြန်ထွက်တာနဲ့ air conအပူချိန်ကို ငါ နည်းနည်းမြှင့်လိုက်တယ်။ တစ်လျှောက်လုံး ချည်သားဘောင်းဘီတစ်ထည်ကလွဲရင် အပေါ်ပိုင်းတစ်ပိုင်းလုံး ဘာမှမဝတ်ဘဲနေခဲ့ရတာမို့ air conအရှိန်ကြောင့် ငါတကယ်ချမ်းခဲ့တာ။ အခုတော့ Vegasရဲ့အဝတ်ဗီရိုထဲက တွေ့ကရာဘောင်းဘီကို ထုတ်ဝတ်ထားလိုက်တယ်။ တော်သေးတာက သူနဲ့ငါနဲ့က ခန္ဓာကိုယ်ချင်း သိပ်မကွာဘူး။ တကယ်ဆို ငါ သူ့ပစ္စည်းတွေကို လက်ဖျားနဲ့တောင်မထိချင်ဘူး။ ဒါပေမဲ့ ငါ့မှာ ရွေးချယ်စရာမှမရှိတာပဲ။

ပြီးတာနဲ့ Nopယူလာပေးတဲ့ မနက်စာကို စားဖို့ပြင်ရတယ်။ ထမင်းပန်းကန်ကိုမြင်တော့ ငါ သက်ပြင်းမချမိဘဲမနေနိုင်ဘူး။ ဝက်အူချောင်းတွေရယ် ၊ ကြက်ဥကြော်ရယ် ၊ ပေါင်မုန့်ရယ်? ဘာလို့များ ငါ့ကို ဒါမျိုးတွေချည်း ကျွေးနေရတာလဲ? လူချမ်းသာအိမ်တွေက ဒီလိုတွေပဲစားကြတာလား!

ဒါပေမဲ့ အဲ့ထဲမှာ ထူးထူးဆန်းဆန်းတွေ လျှောက်စားတတ်တဲ့ အကုိလေးတော့မပါဘူး။ အကုိလေးက ရံဖန္ရံခါ အစားအများကြီးစားလေ့ရှိပေမဲ့ ၊ တစ်ခါတလေကျပြန်ရင်လဲ ဘာမှမစားဘဲနေတတ်သေးတယ်။ အရှေ့မှာတွေ့တဲ့အစားအစာမှန်သမျှ စားပစ်တဲ့အခါမျိုးလဲ ရှိသေးတာပဲ။ အကုိလေးအကြောင်းကိုတွေးမိတော့ ငါ အကုိလေးကို တကယ်သတိရလာမိတယ်။ ဒီလိုအညှင်းပန်းခံပြီးနေရမယ့်အစား ကလေးဆန်တဲ့အကိုလေးနဲ့နေရတာကမှ အများကြီးပိုကောင်းပါသေးတယ်။

first familyရဲ့အိမ်နဲ့ second familyရဲ့အိမ်မှာနေရတာ ဘာကွာခြားသွားလဲလို့မေးလာရင် 'အိမ်' ဆိုတဲ့စကားလုံးအဓိပ္ပါယ်ပဲလို့ပြောရမယ်။ first familyက အမျှော်အမြင်တွေ တသတ်တမှတ် ချမှတ်ထားတဲ့ ပင်မအိမ်တော်တစ်ခု။ ဒါပေမဲ့ အိမ်သားတွေအားလုံးက အချင်းချင်းနားလည်မှုအပြည့်နဲ့ တစ်ယောက်အပေါ်တစ်ယောက် ေလးစားမှုရှိကြတယ်။ အငြင်းပွားစရာတွေရှိခဲ့ရင်တောင် ညီအစ်ကိုသုံးယောက်ရဲ့ညီညွတ်မှုနဲ့ ေကာင်းစွာကျော်လွှားသွားနိုင်တယ်။ အဲဒါက Khun Kornရဲ့ ပျိုးထောင်မှု ၊ မေတ္တာတရားတွေနဲ့ အလှပဆုံးအလှဆင်ထားတဲ့ 'မိသားစု'ပဲ။ မေတ္တာတရားတွေ ၊ ကြင်နာမှုတွေနဲ့ အပြန်အလှန်ရိုင်းပင်းတတ်မှုတွေအပြည့်ရှိနေတဲ့ 'အိမ်'။ အဲဒါကပဲ first familyရဲ့အိမ်တော်တစ်ခုလုံးကို အခတ်အလတ်အပြည့်နဲ့ သစ်ပင်ကောင်းတစ်ခုလို အေးချမ်းနေစေတာပဲ။

ဗီးဂတ်စ်×ဖစ် ( Side Story )Where stories live. Discover now