"ဟို..ရှစ်နာရီလောက်ကျရင် လာမယ်တော့ ပြောတယ် မေမေ...အဲ့အချိန်မှ သိရမှာ.."
"ဟုတ်ပြီ...ဟုတ်ပြီ.."
မေမေ ထွက်သွား ပုကျု ရေချိုးခန်း ၀င်ပြီး ကေပါချိးလိုက်သည်။ ဒီနေ့ မင်္ဂလာနေ့ လေ...မျက်နှာပဲသစ်လို့ဘယ်ဖြစ်ပါ့မလဲ။
ပုကျု မနက်စာ စားတော့ တစ်အိမ်လုံး အလုပ်တွေရှုပ်နေကြသည်။ သတို့သားက ပုကျု ဖြစ်သော်လည်း အလုပ်ရှုပ်နေကြတာက အိမ်ကလူတွေ ဖြစ်သည်။
ရှစ်နာရီလောက်မှာ Chanyeol ရောက်ချလာသည်။ ရောက်တာနဲ့ ပျာယာခတ်နေတဲ့ Chanyeol ကလဲ အိမ်ကလူတွေနဲ့ပေါင်းကာ အလုပ်ရှုပ်ပြီး ပုကျု ကိုပင် စကားမပြောအား...
မင်္ဂလာအချိန်က နေ့လည် ဆယ့်တစ်နာရီ ဖြစ်သည်။ အေးဆေးနေရတာကတော့ ပုကျုနှင့် ရှီဝူးပင်...တူ၀ရီးနှစ်ယောက်သား ငုတ်တုတ်လေးထိုင်ကာ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်နဲ့သာ ဘာမှ၀င်မပြောဘဲ ရှိနေသည်။
ခဏကြာမှ Chanyeolက ပုကျု ရှေ့၀င်ထိုင်ကာ..
"မနက်စာစားပြီးပြီလား?"
"အင်း..."
"ငါ အခုအပြင်ခဏ သွားရမယ်သိလား? ပြီးတာနဲ့
ပြင်ဖို့ဆင်ဖို့ကို ငါလာခေါ်မယ်နော်...စောင့်နေနော်..""အင်းပါ..."
Chanyeol က မတ်တပ်ရပ်ရန် ပြင်လိုက်ပြီးမှ ပြောစရာကျန်ခဲ့သလိုမျိုး ပြန်ထိုင်သည်။ ရှီဝူးကို တစ်ချက်ကြည့်ပြီး မှ ပြန်ကုန်းထကာ နဖူးကို လာငုံ့နမ်းသည်။
"အရမ်းချစ်တယ်နော်.."
ဟိုဘက်မှာ လူကြီးတွေရှိနေလို့ အသံကိုနိမ့်ပြီးပြောလိုက်ပေမယ့် ဩရှရှ အသံက ရင်ခုန်စရာကောင်းလောက်အောင် နားထဲစီး၀င်သည်။
"ချစ်တယ်.. Chanyeol.."
ပုကျု လဲ ပြုံးတုံ့တုံ့အမူအရာလေးဖြင့် ပြန်ပြောတော့ Chanyeol ပါးချိုင့်နက်နက် ထင်းခနဲပေါ်အောင် ပြုံးကာ ခေါင်းညိတ်သည်။
Chanyeol ပြန် ထွက်သွားတော့ ပုကျု ခြံ၀ ထိလိုက်ကြည့်ကာ ရင်ထဲဟာတာတာ ကြီးဖြစ်ကျန်ခဲ့ရသည်။ Chanyeol ကျောပြင်ကိုမြင်တော့ ပုကျု ၀မ်းနည်းလာမိသလိုပင်...
YOU ARE READING
" Pu Kyu "( Complete )
21 (final)
Start from the beginning