"ဟင် Suu"
ကိုယ်အိပ်နေရင်းကဘယ်လိုထရပ်မိမှန်းမသိ။
နှစ်ရှည်လွမ်းနေခဲ့ရသည်သူကိုတွေ့လိုက်ရသည်မို့ရင်ခွင်ထဲဆွဲဖက်ထားမိသည်။"Suu ငါနင့်ကိုလွမ်းလိုက်တာ
နင်ဘယ်တွေသွားနေတာလဲငါကနင့်ကိုပြန်မတွေ့ရတော့ဘူးထင်နေတာ""ငါဘယ်မှမသွားပါဘူး အခုငါနင့်ကိုပြောစရာရှိလို့လာတာ"
"အင်း ပြောလေ"
"နင် P'Buildနဲ့လက်ထပ်တော့မှာမဟုတ်လား"
"အဲ့ဒါက…"
"ငါသိပါတယ် နင်P'Buildကိုဘယ်လိုသဘောနဲ့ပဲလက်ထပ်တာဖြစ်ဖြစ် ဒါပေမဲ့နင့်အတွေးထဲမှာငါရှိနေဖို့မသင့်ဘူးလေ အဲ့ဒါကြောင့်နင်ငါ့ကိုမေ့လိုက်မှဖြစ်မှာ"
"ဘယ်လိုပြောလိုက်တာလဲSuu ငါနင့်ကိုဘယ်လိုလုပ်မေ့နိုင်မှာလဲ ငါနင့်ကိုအရမ်းချစ်တာလေ
အခုနင်ပြန်ရောက်လာပြီဆိုတော့ငါသူနဲ့လက်မထပ်တော့ဘူး ငါနင်နဲ့ပဲလက်ထပ်မယ် နင်လက်ခံမယ်မဟုတ်လား""ငါကလက်ထပ်လို့မရဘူးBible
သိပ်မကြာခင်ငါအဝေးကြီးကိုထွက်သွားရတော့မှာ""ဘာ……ဘယ်ကိုသွားမှာလဲ
မသွားပါနဲ့တော့ဟာ ငါ့ကိုထပ်ပြီးမထားခဲ့ပါနဲ့တော့နော်""မဖြစ်ဘူးလေ ငါသွားမှဖြစ်မှာ
နင်ငါ့ကိုထပ်တွေ့ချင်တယ်ဆိုရင်P'Buildနဲ့အဆင်ပြေအောင်နေ ငါနင့်စီပြန်လာမှာပါ ငါအခုနင့်ကိုလာနှုတ်ဆက်တာ ငါသွားတော့မယ်""Suu မသွားပါနဲ့
ငါ့ကိုမထားခဲ့ပါနဲ့ Suu…… Suuရေ"ကိုယ့်မျက်စိရှေ့မှာတင်Suuကမြူမှုံလေးများအသွင်ပြောင်းလဲသွားသည်။
"Suu…Suuရေ"
ရုတ်တရက်နိုးလာပြီး ထထိုင်မိသွားသည်။
ခြံထဲမှာအိပ်ပျော်သွားတာပဲကို။
နေတောင်ဝင်သွားပြီပဲ။
ကိုယ့်ဘေးနားဘယ်သူမှတော့ရှိမနေ။အိပ်မက်ဖြစ်နေသော်လည်း Suuတကယ်ရောက်လာတယ်လို့သာထင်နေမိသည်။
တွေးကြည့်ရင်Suuကပြန်မလာတော့တဲ့သူသာဖြစ်နေသည်။* * * *
"မောင်ပြန်ရောက်ပြီ အချစ်"
Part 7
Start from the beginning