"ယွင်ရှီး.. ကျွန်တော် ခဏ ဦးလေးငယ်နဲ့ လိုက်သွားဦးမယ်။ ညနေအမီ ပြန်လာမှာ၊ ကျွန်တော့်ကို စောင့်နေနော်"

"ကောင်းပြီ"

ထိုကဲ့သို့ပင် ဖေးယွီက သူ သွားစရာရှိလျှင် ယွင်ရှီးကို အသိပေးသွားတတ်သည်။ အမြဲတမ်းလိုလိုပင် သူ ပြောခဲ့သည့် အချိန်အတိုင်း အရောက် ပြန်လာတတ်၏။ သို့သော် ယနေ့တွင်မူ နေဝင်သည်အထိ ပြန်မလာသေးသောကြောင့် ယွင်ရှီး ဗျပ်စောင်းသံစဉ်အသစ် တစ်ပုဒ်ကို တီးခတ်နေရင်း စောင့်နေမိ၏။ အချိန် အတော်ကြာသည်အထိ ပြန်လာသည့် အရိပ်အယောင်ကို မမြင်ရလျှင် ယွင်ရှီး စိတ်ပူစပြုလာသည်။

"အ..."

ရုတ်တရက် ပြတ်ထွက်သွားသော ဗျပ်စောင်းကြိုး၏ အသံနှင့်အတူ ယွင်ရှီး၏ လက်မှ သွေးစက်တို့က တရစပ် ကျဆင်းလာ၏။ ယွင်ရှီး အသေးစား ထိခိုက်မှုလေးကို ဂရုမစိုက်နိုင်ဘဲ နေရာမှ အလျင်အမြန် ထရပ်လိုက်ရင်း အိပ်ဆောင်အပြင်ကို ထွက်လာမိသည်။ သူ့စိတ်ထဲတွင် မကောင်းတာ တစ်ခုခု ဖြစ်တော့မည်ဟု ထင်နေမိသည်။

အရင်ဆုံး စိတ်ပူမိသည်က ဖေးယွီကိုပဲ ဖြစ်ပြီး အနောက်ဘက်တောအစပ်အထိ လျှောက်လာရင်း သူ့ကို ရှာမိသည်။ အတန်ကြာအထိ ရှာမတွေ့တာကြောင့် ဦးလေးငယ်၏ နန်းဆောင်ကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။

"သခင်"

ရုတ်တရက် ချယ်ရီပင်တစ်ပင်၏ နောက်ဆီမှ
အဖြူရောင်ဝတ်စုံနှင့် နတ်ငယ်တစ်ပါး ထွက်ပေါ်လာ၏။ ဦးလေးငယ်၏ လက်အောက်ခံ နတ်သူငယ်လေးတွေထဲကပဲ ဖြစ်မည်။

"ဘာကိစ်စလဲ"

"ခန္ဓာကိုယ်ကနေ သွေးတွေ အများကြီး ဆုံးရှုံးစေဖို့ မသင့်တော်ပါဘူး။ ပြီးတော့ သခင်က
နတ်အမြုတေ မပြည့်ဝတော့တဲ့ နတ်ဘုရားတစ်ပါးပါ"

ယွင်ရှီး ထိုနတ်ငယ်လေး၏ သတိပေးစကားကြားမှသာ မိမိလက်ကို ပြန်၍ ငုံ့ကြည့်မိတော့သည်။ သွေးစက်တို့က မရပ်တန့်နိုင်သေးဘဲ အပြာနုရောင် ဝတ်ရုံလက်ဖျားကို စွန်းထင်းစေလျက်။ ယွင်ရှီး နတ်သူငယ်လေးကို တစ်ချက်လှည့်ကြည့်လိုက်သည်။

"ငါ ဂရုစိုက်လိုက်မယ်။ မင်း သွားလို့ရပြီ"

ယွင်ရှီး သူ့ကို ပြောလိုက်ရင်း ကောင်းကင် နန်းတော်ဆီသို့ ဦးတည်လိုက်၏။ သို့သော် ငွေရောင်ဓားသွားက ယွင်ရှီး မျက်နှာရှေ့ဆီသို့ လှစ်ခနဲ ပြေးဝင်လာသဖြင့် နောက်ကို ဆုတ်လိုက်ရသည်။

Yearning For Myriad Cherry [Completed]Where stories live. Discover now