ဟင်းချက်ကျွေးမယ်ပြောတော့လုန်လည်းမျက်စိပြူးပြီးပြန်ဖြေလိုက်တယ်။

"ကြက်ဥမတူးစေနဲ့နော်ဒေါန"😁😁

"ဟွန်း..ဒေါနကိုအထင်သေးနေတာလား"

ဒေါနစိတ်စိုးသွားတော့လုန်လည်းမနေတက်တာနဲ့ပြန်ချော့ပြီး။

"စိတ်မဆိုးပါနဲ့ဒေါနရယ်အကိုယုံပါတယ်စိတ်မဆိုးပါနဲ့"

လုန့်ပြန်ချော့တော့ဒေါနလည်းအလိုလိုပြုံးသွားပြီး

"အင်းပါ..အိမ်ပြန်စို့"

ဒေါနဘယ်လောက်ဘဲစိတ်ကောက်ကောက်pလုန်နဲ်တွေ့ရင်နှစ်လုံးသားဟာအလိုလိုနူးညံလာတယ်။

🌌🌌🌌

"ဒေါနတို့များလည်းနော်လုန်ပြန်လာတာနဲ့ဒီကမောင်မောင်ကိုမေ့သွားတာဘဲနော်အကျင့်မကောင်းဘူး"

မီးဖိုဆောင်ဘေးမှထိုင်ရင်းကဗြစ်ကတောက်နဲ့ပြောနေတဲ့မောင်မောင်ကိုဒေါနကြည့်လိုက်ပြီး

"မဟုတ်ရပါဘူးမောင်မောင်ရယ်"

"ထားပါတော့ဒါနဲ့ဒီဟင်းတွေက"

ဒေါနချက်နေတဲ့ဟင်းတွေကိုကြည့်ပြီးပြောလိုက်သည်။

"ဒါလားခနနေpလုန်လာစားမှာလေ"

"ဟင်းမိုးချုပ်နေပြီးဘဲ"

မောင်မောင်ပြောမှာဘဲဒေါနအပြင်ကိုလှမ်းကြည့်လိုက်မိသည်။တကယ်လည်းမိုးချုပ်နေပြီးဘဲpလုန်လာရောလာပါ့မလား။ နေ့လည်ကအရေးကြီးလို့ဆိုပြီးခဏပြန်သွားတာအခုရောလာဖြစ်ပါ့မလား။ဒေါနလာပါ့မလားဆိုတဲ့စိတ်ကြောငိ့မျက်ရည်ကျချင်လာသည်။သို့သော်လည်းမောာင်မောင်မြင်ရင်ရှက်ဖို့ကောင်းလို့မကျအောင်ထိန်းထားလိုက်သည်။
မောင်မောင်လည်းမျက်နာပျက်သွားတဲ့ဒေါနကို
ကြည့်ပြီးအားနာမိသွားသည်။

ဒေါနတော့လာမှာပါဆိုတဲ့မျော်လင့်ချက်နဲ့စားစရာတွေချက်နေတာနောက်ဆုံးတော့အားလုံးကိုချက်ပြီးသွားလေ၏။ဒေါနလည်းခြေလက်မျက်နှာဆေးပြီးကရင်ပိုးထည်အနီလေးကိုဝတ်ဆင်ပြီးဝရံတာမှာpလုန်ရဲ့အလာကိုစောင့်နေမိသည်။

Wormwood(ไม้วอร์มวูด)Where stories live. Discover now