အတွေးတွေကိုရပ်တန့်ကာ သူ့ဘေးနားကိုလျှောက်သွားလိုက်ပြီး ဆိုဖာလက်တန်းလေးပေါ်ထိုင်လိုက်တော့ ကျွန်တော်ကသူ့ထက်ခေါင်းတစ်လုံးစာလောက်သာသွား၏
"ဟိုဘက်လှည့်လေ"
မောင်က ကျွန်တော်နဲ့မျက်နှာချင်းဆိုင်သို့လှည့်ထိုင်လာတာမို့ သူ့ရဲ့ပခုံးနှစ်ဖက်ကနေဆွဲလှည့်ကာ ကျောပေးထိုင်ဖို့ဆိုလိုက်၏ သို့သော် သူ့ကတော့ ပေတေကာ ထိုင်နေဆဲပင် ပြီးလျှင် အလိုမကျတဲ့ ပုံစံကြီးနဲ့ မျက်မှောင်ကုတ်ကာဆိုလာ၏
"မင်းမျက်နှာက ဒီဘက်မှာရှိတာလေ"
"အပိုတွေ"
သဘောကျမိသည် မောင်ကအဲ့လိုလေးလဲလူကိုမထိတထိကျီစယ်တဲ့စကားတွေပြောတတ်သေးတာလား ဒါဆို သူဟန်ဆိုယွန့်ကိုလဲ ဒီအပြောချိုချိုလေးတွေနဲ့ သိမ်းပိုက်ထားတာထင်ပါရဲ့
နှစ်ယောက်တည်းအတူရှိချိန် အရာအားလုံးကိုမေ့ပျောက်ထားနိုင်ပေမယ့် ဟန်ဆိုယွန်တော့ ပါဝင်မနေခဲ့
ကျွန်တာ့်အပေါ် မောင်ပြုမူတဲ့လုပ်ရက်တိုင်းကို ဟန်ဆိုယွန်နဲ့များပြုလုပ်ခဲ့ဖူးလားဆိုတဲ့အတွေးတွေကို ကျွန်တော်မတားဆီးနိုင်
မောင်က ကျွန်တော့်ခြေထောက်တွေကို သူ့ခါးမှာချိတ်တွယ်စေပြီး သူ၏ခန္ဓာကိုယ်ကို ကျွန်တော်နဲ့အနီးဆုံးနေရာကိုတိုးကပ်ကာ သူ့ရဲ့လက်တွေက ကျွန်တော့်ခါးကိုတင်းကြပ်နေအောင် ဖက်ထား၏
"JK ငြိမ်ငြိမ်နေပေးလေ မင်းခေါင်းကလှုပ်ရွနေတာပဲ"
ကျွန်တော့် ရင်ဘတ်ကိုသူ့ရဲ့ခေါင်းတိုးဝှေ့နေလိုက်တာ ယုန်ပေါက်လေးတစ်ကောင်နှယ် ပြီးတော့ ကျွန်တော့် လည်တိုင်ကိုတဖွဖွမော့နမ်းလာ
ခါးပေါ်ကလက်တွေကလဲအထက်အောက် ဆုန်ချည်ဆန်ချည်ရွေ့လျားနေ၏
"ရပြီ မင်းလက်တွေဖယ်တော့"
"မဖယ်ဘူးဆိုရင်ရော"
"ဖယ်လို့ပြောနေတယ် ငါစကားပြောစရာရှိလို့"
ငေးမော့ကြည့်နေတဲ့သူ့ရဲ့ နဖူးပြင်လေးကို နာနာလေးတောက်ကာဆိုလိုက်၏
Episode-11
Start from the beginning