Part [ 63 ] Zg + Uni

Start from the beginning
                                    

အတွေးနဲ့  ဟိုဘက်ထောင့်နားလေးမှာ
ကင်းစောင့်နေသော ထောင်မှူး ကို ဒေါ်မာလာ
မြင်​ပြီး ဒိုင်းဆီ ဖုန်းဆက်ဖို့ ဆုံးဖြတ်ချက် ချလိုက်တော့သည်။

*************************

" သားဒိုင်း  အဝေးပြေးကားဂိတ်ကို သွားပါ
အဲ့ဒီမှာ ချစ်စံအိမ် ကို  အန်တီ သမီးစံ နဲ့
သမီးစံ တပည့် ထက်သူ  က ကားနဲ့ တိုက်သတ်ဖို့
စီစဉ်ထားကြတယ် "

ဟိုတယ်ကို ရောက်ဖို့ အနည်းငယ်အလိုမှာ
ထောင်ကနေ ဖုန်းဆက်လာသော ဒေါ်မာလာ
ကြောင့် ကားကို နောက်ပြန်ကွေ့ပြီး
အဝေးပြေးကားဂိတ်ကို ဒိုင်း မောင်းလိုက်ရသည်။

မောင်းသာ မောင်းနေရ​ပေမဲ့ မှီပါ့မလားဆိုတဲ့ အတွေး
တွေကလည်း ဒိုင်း ခေါင်းထဲမှာ အပြည့်ပင်.. ..။

ရင်ထဲမှာလည်း မုန်တိုင်းထန်ပြီး ကားမောင်းနေတဲ့
သူ့  လက်တွေပင် တုန်လာမိသည်။

" ကလေး....... ကလေး ဘာမှမဖြစ်ရဘူးနော်
ကလေး ကို ကိုယ် လာကယ်မယ်.....
ကိုယ့် ကို စောင့်နေပေးပါ "

ကားသာ မောင်းနေပေမဲ့လည်း စိတ်ထဲမှာ ထိုစကား
တွေကို ဒိုင်း အထပ်အထပ်အခါခါ ပြောနေလေသည်။

နောက်ပြီး ကားမောင်းရင်းနဲ့ ဘုရားတလိုက်ရသည်က
လည်း ခဏခဏပင်..... .။

>>>>>>>>>>>>>>>>>>>

" ထက်သူ ချစ်စံအိမ်မ က မလာသေးဘူးလား
လာမှာရော သေချာပါတယ်နော် "

" သေချာပါတယ် မစံ...... ချစ်စံအိမ် က မန်းလေး
ကို ပြန်ဖို့ ဒီအဝေးပြေးကားဂိတ်ကို လာမှာ.. ....
သူ လာတာနဲ့ တစ်ပြိုင်နက်  ကျတော့် ကားနဲ့
အသေတိုက်သတ်မှာ... ...အဲ့ဒီအခါကျရင်
မစံ ဟိုနားလေး ရပ်ပြီး ကြည့်နေခဲ့နော်
ကျတော့် ကတော့ ချစ်စံအိမ် ကို တိုက်ပြီး
ကားကို အမြန်မောင်းပြေးသွားမယ်.. ....နောက်ပြီး
မစံ ကို လာကြိုဖို့အတွက် ငညီတို့ကို
ကျတော် လွှတ်လိုက်မယ်နော် "

" အင်း ထက်သူ ကျေးဇူးပါနော်
အခုလို ငါ ဖြစ်ချင်တာကို မင်း ဖြည့်ဆည်းပေး
တဲ့အတွက် "

" ရပါတယ် မစံ ရယ်...... မစံ သာ ပျော်ရွင်မယ်
ဆိုရင် ကျတော့် က ဘာပဲ လုပ်ပေးရ လုပ်ပေးရ
လုပ်ပေးမယ့် ကောင်ပါ..... .အဓိကက ကျတော်
လုပ်ပေးလိုက်လို့ မစံ ပျော်ရွင်မယ်ဆိုရင်
ကျတော် လုပ်ပေးရကျိုးနပ်ပြီ.....
နောက်ပြီး မစံ ပျော်ရွင်အောင် လုပ်ပေးနိုင်မယ့်
အရာက ကျတော့် အသက်ဆိုလည်း
ကျတော်  ပျော်ပျော်ရွင်ရွင် နဲ့ ကျတော့်
အသက်ကို မစံ ကို ပေးလိုက်အုံးမှာ "

ဦးရဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now