ဂျွန်ကအချစ်ဝတ္ထုတေသိပ်သဘောကျတာ။
ဝတ္ထုထဲကဇာတ်ကောင်တွေအချစ်ခံရရင်သိပ်အားကျတာပဲ။
ဂျွန်အများကြီးမမက်မောပါဘူး
ကင်မ်ထယ်ယောင်းဆိုတဲ့ အမျိုးသားစီက
အချစ်တစ်ခုတည်းကိုသာတပ်မက်မိတာ အပြစ်ရှိသွားသလား။^ အချစ်ဦးနှင့် ပေါင်းဖက်ရခြင်းသည်
ကမ္ဘာပေါ်တွင် အရှားပါးဆုံး
ဖြစ်စဥ်တစ်ခုဖြစ်၏။ ^"ငါက ငါ့အချစ်ဦးDarling နဲ့ ပေါင်းဖက်ရမှာ"
စာအုပ်ပေါ်က စာကြောင်းလေးအား
နှုတ်ခမ်းထော်ကာရန်တွေ့နေပုံက ကလေးတစ်ယောက်တဖွယ်။^ ကိုယ်ပေးက မေတ္တာပေးတိုင်း
မေတ္တာပြန်ရမည်ဟု
အတုံအလှည့်သဘောရိုးကို
ယုံကြည်နေခြင်းက
သိပ်ကလေးဆန်နေသည်လေ။ ^ကလေးဆန်နေတာလား..
.မဟုတ်ဘူး မျှော်လင့်ချက်ထားမိရုံပါ။
ဒီလူ့အချစ်တွေနားလည်ပြီး သနားချစ် ချစ်လာမဲ့နေ့ကို
စောင့်နေမိရုံပါ။
ဒါကိုကလေးဆန်သည်လို့မှမခေါ်ပဲ။နှာခေါင်းလေးရှုံ့ကာ
စာအုပ်ထဲမှဖော်ပြထားခြင်းသည်မမှန်ကြောင်းငြင်းနေရင်း
ကော်ဖီကို ငုံသောက်နေသည့် ကောင်လေးကို
ဆိုင်ပြင်မနှီးမဝေးသစ်ပင်အောက်မှ
ကားထဲကအမျိုးသားနှင့် အမျိုးသမီးတို့
စောင့်ကြည့်လို့နေသည်ကို ဂျွန်ဂျောင်ဂုသည်မည်မထင်။မှန်အပြည့်ကာထားသည်ကြောင့်
စာအုပ်ဆိုင်ရဲ့အတွင်းပိုင်းအပြင်အဆင်ကို
အပြင်ဘက်ကနေလဲမြင်တွေ့နေရသည်။
မှန်ကနေမြင်နေရတာ သူတို့သားလေးတဲ့ ။
အများကြီးကောင်းကောင်းကြီးပြင်းလာခဲ့တာပဲ
မာမီတို့လီထယ်လေးက။"သားကိုသွားခေါ်ရအောင်"
"မရသေးဘူးလေ"
"ဘာလို့လဲ!
ရှင်သိရဲ့လား ကျွန်မသားလေးကိုပွေ့ဖက်ချင်နေပြီ ""မိန်းမစိတ်ကိုလျော့လေကွာ
အခုကသက်သေမခိုင်လုံသေးဘူး
သားလက်ခံနိုင်ဦးမှာမဟုတ်ဘူး။
အခု ဂျွန်ဂျောင်ဂုက ကိုယ်တို့သားငယ်လေးဆိုတာ
99 သေချာနေပြီ။
ဖြည်းဖြည်းချင်း သားငယ်လက်ခံနိုင်အောင်လုပ်ရမယ်လေ။
ကိုယ်တို့ဖြစ်ချင်တာကို ဇွတ်အတင်းလုပ်မိရင်
သားလေးစိတ်ထိခိုက်နိုင်တယ် နားလည်တယ်ဟုတ်?"
YOU ARE READING
Sour Candy (Complete)
Fanfictionဝဋ်ဆိုတာနာတက်တဲ့အမျိုးပေမို့ ကိုယ့်ထံလည်လာတဲ့အခါ တကယ့်ကိုလှလှပပလေး~ #vkook
part 7💔
Start from the beginning