Everything is you;Part-6

Start from the beginning
                                    

"ဒါဆိုလည်း အထက်က မချိန်ခင် ကျွန်တော်အရင်ချိန်ထားမယ်လေ ဘယ်လိုလဲ"

Saturn ညစ်ကျယ်ကျယ်ပြုံးကာပြောလိုက်ပြီး သေတ္တာထဲမှ လက်စွဲတော် pistol ကိုထုတ်ကာ ထိုလူရဲ့နှဖူးကိုချိန်လိုက်သည်နှင့်တစ်ပြိုင်နက် အခန်းထဲသို Danger Don ဘက်မှ ဂိုဏ်းသားများလည်း hand gunများကိုယ်စီကိုင်ကာဝင်လာပြီး ထိုလူကိုးယောက်ကိုချိန်လိုက်သည်။

"ကိုစေတန် ဒါဘာလုပ်သလဲ။ကျွန်တော်တို့က ကိုစေတန်ကိုယုံလို့လာတာ ခုလိုပြုမူတာတော့မကောင်းပါဘူးလေ။မင်းလူတွေကို ခုချက်ချင်းထွက်သွားပြီး သေနတ်တွေ ချခိုင်းလိုက်"

"ဘုန်း"

Saturn လက်ဝါးကြီးနဲ့ စားပွဲပေါ်ကိုရိုက်ချလိုက်တော့ သေနတ်ချိန်ထား၍ဝိဉာဏ်လွင့်မတတ် ဖိန့်ဖိန့်တုန်နေတဲ့ ထိုလူကိုးယောက်ဟာ အသက်တောင် ဖြောင့်အောင်မရှူနိုင်တော့။

"ခင်များရဲ့အမိန့်ပေးလေသံကိုခင်များ‌ေခါင်းထဲ ကျည်မဖောက်ခင်တွေကိုပြင်လိုက်စမ်း။ ခင်များက ဘာအရည်အချင်းရှိနေလို့ကျုပ်ကိုလာ အမိန့်ပေးနေတာလဲ။Saturnဆိုတဲ့ကောင်က ခင်များတို့လိုလူတွေကို ကျုပ် ကြားထဲတောင်မညှပ်ဘူး။နားလည်လား။ကျုပ်အေးအေးဆေးဆေးပြောတဲ့ အချိန်ပြီးပြီ။ကျုပ်သည်းခံနိုင်စွမ်းတွေလည်းကုန်သွားပြီ။ ခင်များတို့ ကျုပ်ကမ်းလှမ်းတာလက်ခံမလား။ ခင်များတို့ အလောင်းတွေကို ဧရာဝတီမြစ်ထဲမျှောပြီး ငါးစာကျွေးပေစ်ရမလား"

သွေးအေးစွာ တစ်လုံးချင်းဆီပြောတော့ ညွှန်မှူးကြီး ကိုးယောက်လည်း ဆက်မမူနိုင်တော့ပေ။ နတ်ဆိုးပါဆိုမှ ရမလားလို့ သွားအိုင်တင်ခံမိတာကိုက ကိုယ့်အမှားလိုတောင်ထင်ပြီး မျက်စိပျက်မျက်နှာပျက်နှင့်

"လက်..လက်ခံပါတယ်ကွာ။ငါတို့က ရှေ့ဖြစ်လာမည့် အရာတွေကို ကြိုပူပြီးစိုးရိမ်လို့ပြောမိတာပါ။ဟုတ်တယ်မလား လူကြီးမင်းတို့"

စီးကရက်ခဲထားတဲ့ အသားညိုညိုနဲ့လူက ပျာပျာသလဲလဲဆိုတော့ ဘေးက တစ်လှေတည်း စီးမည့်သူများကလည်းထောက်ခံကြသည်။မည်သို့ပင်ဆိုစေကာမူ သားစဉ်မြေးဆက်တိုင်တစ်ဘဝတော့ကောင်းစားအုံးမည်မဟုတ်လား။

Everything is youWhere stories live. Discover now