"ဟင်.....ငါးဆင့်ချိုင့်ကြီးနဲ့လေ"
"ဟုတ်တယ်လေ.....ကိုကို အများကြီးစားလို့ရအောင် ငါးဆင့်ချိုင့်နဲ့ထည့်လာလိုက်တာ....ဟီး"
ရှိုင်းသက် ရယ်ပြလိုက်ကာ ချိုင့်များကိုတစ်ခုခြင်းချ၍ ဟင်းအမည်များကိုရွတ်ပြနေသည်....
"ဒါက ထမင်း.....ဒါက ကြက်ကုန်းဘောင်....ဒါကဝက်ချိုချဉ်.....ဒါကဂဏန်းပေါင်း....ဒါက ပုဇွန်စိမ်းသုပ်......ဒါက ခုမှသွားဝယ်ခိုင်းလိုက်တာ ပုဇွန်ချဉ်စပ်"
"......."
များလိုက်တာ.....အကုန်လုံးက စားချင်စရာတွေချည်းပဲ......ဒါမဲ့ငါမစားဘူးကွာ...တော်ကြာ စားလိုက်ရင် အခွင့်အရေး ပေးသလိုဖြစ်ပြီး ပိုနှောက်ယှက်နေလိမ့်မယ်....ဟုတ်တယ် ငါမစားဘူး
"ကိုကိုစားနော်......ဒါတွေအကုန်လုံးကို ကျွန်တော်ကိုယ်တိုင် ပင်ပင်ပန်းပန်းနဲ့..."
"မင်းကိုယ်တိုင် ချက်လာတာပေါ့ "
"ဟင့်အင်း......ဆိုင်ကဝယ်လာတာ "
ရှိုင်းသက် ရှက်ရယ်ရယ်ကာ သေမင်း စားဖို့အတွက် သေချာပြင်ဆင်ပေးနေသည်
"ကိုကို.....စားတော့နော်"
"ငါမစားဘူး"
ဂွီ~~~~~
"အဟက်......ကိုကိုကသာမစားတာ ကိုကိုဗိုက်က အော်နေပြီ လိမ္မာတယ်စားတော့နော်....အစာလွန်လို့ဗိုက်အောင့်ရင် ကျွန်တော်ရင်ကျိုးရချည်ရဲ့.....အင့် စားနော်"
ထမင်းပန်းကန်လေးတွေ ရှေ့တိုးပေးကာ စားခိုင်းလာတော့ သေမင်း ဟန်မဆောင်နိုင်ကာ ခေါင်းမဖော်တမ်းစားလေတော့သည်
ရှိုင်းသက် လဲ သေမင်း စားရလွယ်အောင် ပုဇွန်ခွာပေးရတာနဲ့ ဂဏန်းခွာပေးရတာနဲ့ ရေတိုက်ရတာနဲ့ မအားလပ်ရအောင် အလုပ်ရှုပ်နေတော့သည်
ကော်ဖီဆိုင်အပြင်ဘက်က စားပွဲလေးမှာ ကောင်လေးတစ်ယောက်က အားရပါးရစားနေသလို.....နောက်ထပ်ကောင်လေး တစ်ယောက်က ချစ်ရည်းရွှန်းတဲ့မျက်လုံးများဖြင့် ကြည့်ကာ စားစရာများပြင်ဆင်ပေးနေသည်ကို အားကျစရာကောင်းလောက်အောင် တွေ့ရမှာပါ
EP(14)🍂
Start from the beginning