"ကျွန်မတို့ကို လွှတ်ပေးပါရှင်"

လွှတ်ပေးဖို့ တောင်းပန်ကြကာ ကြယ်တာရာ ခြေထောက်တစ်ဖက်ကို လှမ်းဆွဲကြသည်။ဆွဲတဲ့ လက်တွေကို တခြား ခြေထောက် တစ်ဖက်နဲ့ နင်းချပစ်လိုက်သည်။

"ရွံဖို့ ကောင်းလိုက်တာ ဘာအဆင့်ရှိလို့ ငါ့ခြေထောက်လာကိုင်တာလဲ "

"ဘာ!!အဆင့်အတန်း ဟုတ်လား။ နင့်လို မိန်းကလေးချင်း မစာမနာ လုပ်တဲ့ မိန်းမကဘဲ ငါတို့ကို ရွံရတယ်ရှိသေး
မကောင်းတဲ့ မိန်းမ"

အခန်းထဲ ကြယ်တာရာကို မိန်းမတစ်ယောက် အော်ပြောသည်။ ကြယ်တာရာ ဒေါသထွက်လွန်းလို့ လက်သီးကိုတင်းနအောင် ဆုပ်ထားသည်။

"အဟက်......သိပ်သတ္တိရှိနေတယ်ပေါ့ .....အဲ့ကောင်မကို ဆွဲထုတ်ခဲ့စမ်း"

သူပြောတော့ သု့တပည့်တွေက ထိုမိန်းမကို ဆွဲထုတ်လာသည်။

ထွီ.....

သူ့ရှေ့ရောက်ရောက်ခြင်း ထိုမိန်းမက သူ့မျက်နှာကို တံတွေးနဲ့ ထွေးသည်။

"မိန်းမယုတ်"

ဖြန်းးးးဖြန်းးးးဖြန်းးး

ကြယ်တာရာ ထိုမိန်းမကို ပါး၃ချက်လောက် ဆင့်ရိုက်ပေးလိုက်သည်။

"ငါများ လာစမ်းနေတယ် "

အားးးးးးးး

ကြယ်တာရာ ဓားလေး ထုတ်ကာ ထိုမိန်းမရဲ့ မျက်နှာကို မွှ
န်းလိုက်သည်။

"အို....လှသွားပြိ အာ...ငါ့ကို ပြောတာ ဒီပါးစပ်လေးမလား"လို့ ပြောကာ နှုတ်ခမ်းကနေ စကာ ပါးစပ်အတိုင်း ပါးတစ်ဝက်လောက်ထိ ဓားနဲ့ လှီးချပစ်လိုက်တာကြောင့် ပါးစပ်ပြဲသွားသည်။

ထိုမိန်းကလေးမှာတော့ အသံတောင်မထွက်နိုင်သလို ရုန်းတောင် မရုန်းနိုင်တော့ဘဲ အသက်မျော့မျော့သာ ရှိတော့သည်။

"ဒီကောင်မကို လက်စသတ်လိုက်.....ကြည့်ထား ဒီကောင်မက နမူနာဘဲ"

အခန်းထဲ မိန်းကလေးတွေကို ကြည့်ကာ ပြောလိုက်သည်။

"ဒီကောင်မတွေကို ရေချိုးခိုင်းလိုက် မင်းတို့ စမ်းချင်လဲ စမ်းလိုက်ကြ ဒါပင်မယ့် ဘယ်နေရာမှ ဒဏ်ရာ မရစေနဲ့ "

After the painWhere stories live. Discover now