လပြည့်ညမဟုတ်လို့ ပတ်ဝန်းကျင်က အင်မတန် မှောင်မည်းနေ၏။ လျှိုမြောင်အနီးကို ရောက်သောအခါ အော့ရွှမ်သည် လက်ဖဝါးထဲတွင် မီးတောက်တစ်ခု ဖန်ဆင်းလိုက်သည်။ ရှင်းလန်ရှို့ မမြင်ရသော်လည်း သူ့ဘေးကကောင်လေး မြင်နိုင်အောင် မီးတောက်တစ်ခု ပြုလုပ်လိုက်သည်။
အနောက်ဆုံးက လိုက်လာတဲ့ မူယန့်လက်ထဲမှာလည်း မီးတောက်တစ်ခုရှိ၏။ ကျိနှောင်က မူယန့်ခါးကိုဖက်လျက် ပါလာသည်။
'ဝှစ်.....'
"သတိထား!"
မြှားတစ်စင်း သူတို့ဆီ ပျံသန်းလာနေတာကြောင့် အရှေ့ဆုံးက အော့ရွှမ် အားလုံးကို သတိပေးလိုက်သည်။ ကျီးယွမ်က သူ့နောက်မှာဖြစ်လို့ သတိပေးသံအဆုံး သူမက ချက်ချင်း ရှောင်လိုက်သည်။
မြှားသည် အမှောင်ထုထဲတွင် အလွန်မြန်၏။ ရှင်းလန်ရှို့ လေကိုခွင်းလာသော အသံနှုန်းကိုရှောင်ဖို့ ရွှယ်နမ်ကို လက်တစ်ဖက်က ဆွဲထားသည်။ မြှားဟူသောအရာသည် ရွှယ်နမ်ရဲ့ မျက်နှာဘေးကနေ ကပ်သီကလေး ဖြတ်သွားသည်။
မထင်ထားဘဲ ရွှယ်နမ်သည် တစ်ဖက်ကအရာနဲ့ မျက်လုံးချင်း ဆုံသွားလေသည်။ ရွှယ်နမ် ထိတ်လန့်သွား၏။
"ရှို့ကော...."
ရွှယ်နမ် သူ့ရဲ့ခြေတွေလက်တွေကို ရှင်းလန်ရှို့ရဲ့ ခါးနဲ့လည်ပင်းကို ချိတ်ဆွဲတွယ်ကပ်ဖို့အတွက် အသုံးပြုလိုက်သည်။
"ရှို့ကော... စောစောက မြွေပဲ..."
"မြွေ?"
အော့ရွှမ်လည်း မြင်လိုက်တာကြောင့် သူသည် ဓားတစ်လတ်ထုတ်၍ မျက်စိရှေ့က ချုံများကို ရှင်းလင်းပစ်သည်။ ထိုအခါ မြွေများသည် ပိုမိုများပြားလာပြီး သူတို့ကိုပျံသန်း တိုက်ခိုက်တော့သည်။
ရှင်းလန်ရှို့ ရွှယ်နမ်ကို ကျောပေါ်တွင်တင်၍ အော့ရွှမ်ရှင်းထားတဲ့ လမ်းကြောင်းအတိုင်း ဝင်သွားသည်။ သူတို့သည် ဆက်တိုက်အောက်ကို ထိုးဆင်းနေရပြီး မြွေတွေကလည်း ပို၍ပို၍ များလာ၏။
လက်ဝါးထဲရှိ စွမ်းအင်များဖြင့် မြွေတွေကို ခုခံနေရသည်။ ထိုစဥ် ရှင်းလန်ရှို့တို့ အနောက်တွင်သာမက အရှေ့မှာပါ တခြားကျင့်ကြံသူတွေ ရှိနေတာ သတိထားမိလိုက်၏။ သူတို့အားလုံး မြွေတွေရဲ့ တားဆီးခြင်းကို ခံနေရသည်။
YOU ARE READING
Although the trip was rough (Completed)
🌺EP (34)🌺 မြွေတစ်သောင်းချိုင့်ဝှမ်း
Start from the beginning