လက်ဖဝါးက သဲတွေကို ခါရင်း ပုခုံးတွန့်ပြီးထွက်သွားပုံက အမြင်ကပ်ဖွယ်အတိ၊
ဒီကောင်မလေး ဘယ်ဘ၀ကုသိုလ်ကြောင့်မှန်းမသိ
မျက်နှာမြင်ပူလောင်ပါစေ၊ အသံကြား အသက်တိုပါစေ ဆုနဲ့ ပြည့်စုံလွန်းလို့.............
"သမီး ရေချိုးလေ ဒေါ်လေးစောင့်နေမယ်"
အန်တီအေးက သူ့ကိုယ်သူဒေါ်လေးလို့အမြဲပြောပေမယ့် ညို့အားကတော့ အန်တီအေးပဲခေါ်သည်၊
ဘာလို့လည်းဆိုတော့ အန်တီအေးက သူမ ကိုကြောက်လည်းကြောက်သလို ပြောသမျှ အကုန်လုပ်ပေးတာကြောင့် နဲနဲတော့ အဆင်ပြေလှသည်။"အွန်း အဖြူစိမ်းမရှိဘူး"
"ဟင် ဟုတ်လား ဒါဆို ဒေါ်လေး စီစဉ်ပေးမယ် ရေသာချိုးထား"
ခဏကြာတော့ ယူချလာသည့် အဖြူစိမ်း ခပ်သန့်သန့်တစ်စုံ အသစ်မဟုတ်တာတော့သူမသိသည်။
"ဘယ်သူ့ဟာလည်း"
"ဒေါ်လေးတူမဟာပါ ကျောင်းသွားအပ်ရင်းမှ အသစ်၀င်၀ယ်မယ်လေ သမီးဘွားဘွားက မုန့်ဖိုးပေးထားတယ်"
"ဟုတ်လား ပေးပါဦး အဲ့ပိုက်ဆံ"
မိအေး နဲနဲတော့ အမ်းသွားသည်။ပိုက်ဆံဆိုတာနဲ့ ၀င်း၀င်းတောက်လာတဲ့ မျက်၀န်းတစ်ခုကဒီလောက်ထိ အရှိန်ဟုန်ပြင်းမှန်းမသိ
"ဝိုး အများကြီး "
"အင်း သမီးပျော်လား"
"အဟွန်း ပျော်တယိဆိုတာဘာလဲ"
"အခုလို မုန့်ဖိုးပေးတော့ ၀မ်းသာတာ စိတ်ထဲပျော်ရွှငိတာကိုပြောတာပေါ့"
"အန်တီအေး"
"ဟင် သမီး"
"အန်တီအေးက သောကြာသမီးလား"
"ဟမ် မဟုတ်ပါဘူး"
"အာ့ဆို ဘေးကနေ ပေါက်ပေါက္မဖောက်ဘဲ ကျောင်းလိုက်အပ်ပေး ၊ဟိုမေးဒီမေး မကြိုက်ဘူး"
"အမ် အေးပါ အေးပါ"
ပိတ်ဟောက်တော့မှ ငြိမ်ကျပြီး ကျောင်းလိုက်အပ်ပေးရှာသည်။
သွားထဲကလမ်းကို မှတ်ထားသည်မို့ ညှို့အား အကြံက တစ်နေရာကိုဦးတည်လိုက်သည်။
YOU ARE READING
villain the who care of love (Completed)
General FictionStory ကလောင်ရမယ် toxic family case ပါတာကြောင့် အရင်ဆုံးကြိုသတိပေးတာပါ၊ဒါကိုလက်ခံနိုင်မှ ဖတ်ပါနော် ,mature on ထားသေးပါတယ်ရှငိ့၊ female lead က strong ဖြစ်တာကြောင့် နှစ်သက္မှ ဖတ်ပေးကြပါနော် "မှောင်မိုက်နေတဲ့လမ်းဖြစ်ပါစေ အဲ့လမ်းကိုဆုံးအောင်လျောက်ပြမယ်"...
part -2
Start from the beginning