"ဗျာ ဟုတ် ဟုတ်ကဲ့ သူမလာတော့ တခုခုများဖြစ်နေလားလို့ပါ အဲ့တာ ဦးဆီလာမေးတာပါ"
"သူ့ဆီရော ဖုန်းဆက်ပြီးပြီလား အမောင်ကောင်း ဖုန်းခေါ်ရင် သူကိုင်မှာပါ "
"ဟုတ်ကဲ့ ကျွန်တော်သူ့ကိုဖုန်းဆက်လိုက်ပါ့မယ် ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦးဗျ "
တီ.....လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာ သက်မှတ်ချိန်အတွင်း.........................
မကိုင်ဘူးလား ! ထားလိုက်တော့ သူ မလာတော့ ငါ့အတွက် ပိုတောင်ကောင်းသေးတယ်
"ကိုကောင်း ကျွန်တော်ရုံးဆင်းတော့
မယ် ကိုကောင်း ရော ရုံးမဆင်းသေးဘူးလား ""ဟင် ငါ ခနနေခဲ့ဦးမယ် လုပ်လက်စအလုပ်လေးပြီးအောင်လုပ်လိုက်ဦးမယ် "
ဒီနေ့ ညနေ မှူး နဲ့ ညနေစာအတူစားရင်ကောင်းမလား မှူး ဆီဖုန်းဆက်ဦးမယ်
“ဟယ်လို မမလေး ကျွန်တော်မျိုးကိုမှတ်မိသေးရဲ့လားဗျ”
“အရူးကောင် ငါ့ကိုသတိတော့ရသေးတယ်ပေါ့လေ ငါက နင်သေသွားပြီမှတ်တာ ”
“တဂယ်တော့ သေတော့မလို့ဘဲလေ”
“ ဟမ် ဘာဖြစ်တာလဲ ဘယ်နားထိခိုက်သွားသေးလဲ အခုရော သက်သာလား ဘယ်နေရာတွေနာနေသေးလဲ ”
“ နင် ဘာတွေပြောနေတာလဲ ငါဘာမှမဖြစ်ဘူး နင်နဲ့နောက်ဆုံးတွေ့ခဲ့တဲ့နေ့
က ငါအလုပ်ကြောင့် ပင်ပန်းပြီး နေမကောင်းဖြစ်သွားတာပြောနေတာ ”“ ဪ ငါက နင်တခုခုထိမိ ခိုက်မိတယ်ထင်လို့စိုးရိမ်သွားတာ အခုရော သက်သာပြီလား ငါလာဖို့ရော လိုသေးလား ဆေးတွေရော သေချာသောက်ရဲ့လား ”
“ သက်သာသွားပါပြီ ဒီနေ့ညနေ ညနေစာ အတူစားကြမလား ”
“နင်ရော အားရဲ့လား ”
“ ငါလား ငါအခုရုံးဆင်းတော့မှာ လာနေကျစားသောက်ဆိုင်ကိုလာခဲ့နော် ”
“ အွန်း လာခဲ့မယ် မြန်မြန်လာနော် ငါ့ကိုအရင်တစ်ခေါက်ကလို စောင့်ရအောင်မလုပ်နဲ့ ”
“ဟုတ်ပါပြီ ခနနေတွေ့မယ်နော် ဘိုင့်”
အကို*
YOU ARE READING
Destiny
Romance" ခင်များမှ ခင်များဖြစ်နေတဲ့ ကျွန်တော့်ကို အရူးလုပ်သွားတာ သိပ်တော်လွန်းတယ်ဗျာ! " ဆက်ဆံရေးတစ်ခုကို ချစ်ခြင်းနဲ့ စတင်ပီး အမုန်းနဲ့ အဆုံးသတ်ဖို့ ဖြစ်လာခဲ့တဲ့အခါ အချစ်ကြီးရင်အမျတ်ကြီးတယ်ဆိုတဲ့ စကားအတိုင်း မောင်တစ်ယောက် အသက်ထက်ချစ်ရတဲ့ အကို့ကို ရက်စက်မိ...
Destiny P-9
Start from the beginning