" မင်း သမီးကို.. နောက်ရက်ကျ လာဘ်ခေါ်တဲ့ ကြောင်ရုပ်ကြီးလို ဆိုင်ပေါက်ဝမှာ လက်ပြခေါ်ရင် ပိုရောင်းရမှာ... "
Why? ဘာလို့... ဘာလို့ ဖေဖေနဲ့မေမေက လူကို အခုလို ခံစားသွားရအောင် လာစနောက်နေကြတာလည်း။ ပြောရင်လည်း စချင်လို့မွေးထားတာလေ ပြောဦးမှာ။
အချိန်က နေ့လည်တနာရီကျော်ပြီ၊ ဗိုက်ထဲမှာလည်း အသံတွေဆူညံနေပြီမို့ စနေတာကို ပြန်စိတ်မကောက်နိုင်ပဲ ထမင်းစားခန်းဆီသာ သွားလိုက်သည်။
ထမင်းစားရင်း ဖုန်းသုံးနေလိုက်သည်။ ပွင့်ဖြူက ဘယ်လိုထင်သွားမလည်း မသိ။ ဘယ်လိုထင်ထင် ဖြေရှင်းမှာလည်း မဟုတ်။
' စွမ်းက အရင်ရည်းစားတွေတုန်းကဆို အခုလို တနေကုန်လျှောက်လည်ဖို့ မပြောနဲ့ တမနက်ခင်းတောင် အချိန်မပေးဘူး '
ဘာတွေလာပြောနေတာလည်း။
မွန်မြတ်သန့်စင်ကို ဒါမျိုးလာလုပ်လို့မရဘူး။' ဘာလို့အချိန်မပေးတာလဲ? ယောက်ျားတွေ မကောင်းလိုက်တာများ '
' နင့်ကိုတော့ တကယ်ချစ်လို့နေမှာပါ 🤭 '
အချစ်။
ငါကိုယ်တိုင်တောင် ဘာမှန်းမသိသေးတာကို ငါ့အကြောင်းကို ငါ့ထက်ပိုသိနေတယ်။' ကိုကို့ဆီကပဲ ချစ်တဲ့အကြောင်းတွေ နားထောင်လိုက်ပါမယ် 😝 '
' အွန်းးး ငါ့crushလေးကို သေချာအပ်ပါတယ်နော် 😉🙈 '
" ကောင်မ.. ကျက်သရေလာတုံးနေတာ... "
ထမင်းစားခန်းထဲမှာ ဘယ်သူမှမရှိလို့သာ တော်တော့သည်။ ယောက်ျားတယောက်အတွက်နဲ့ ရန်ဖြစ်ရတာမျိုးကို ရှက်ရွံ့တာကြောင့် ဘာမှပြန်မပြောတော့ပဲ ပန်းကန်ဆေးရင်းသာ စိတ်ကိုဖြေရသည်။
မနေနိုင်လို့ လက်က ရေစိုရက်နဲ့ စာရိုက်လိုက်သည်။ စွမ်းရည်လင်းကို အသုံးမချချင်တာကြောင့် အကုန်ပြန်ဖျက်လိုက်ပြီး Emojiသာ ပြန်ပို့လိုက်တော့သည်။
YOU ARE READING
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest
I Like You - 19
Start from the beginning