ကျွန်တော်ပြန်သွားတော့ ခုံတန်းပေါ်မှာဆေးလိပ်သောက်နေတဲ့သူ့ကိုတွေ့တယ်..ကျွန်တော်လာတာမြင်တော့ သူ့ရဲ့ သောက်လက်စဆေးလိပ်ကို နင်းချေလိုက်ပြန်တယ်။
" ဆေးလိပ်သောက်ရတာကောင်းလား"
" တစ်ခါတစ်လေတော့လည်း ဆေးအဖြစ်ပေါ့"
" ကျစ်! ရေခဲမုန့်သာစားစမ်းပါ ခင်ဗျားရယ်"
"ရေခဲမုန့်စားရအောင် ကိုယ်က ကလေးလား"
" အဲ့တော့ ကျွန်တော့်ကို ကလေးလို့ပြောချင်နေတာလား"
"သိရင်ပြီးရော"
"ဒီလို ကန့်လန့်တိုက်စကားပြောတတ်တဲ့သူမျိုး ဘ၀မှာ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ"
"ဟဟ"
"ရော့ စား ခင်ဗျားကို၀ယ်ကျွေးတာ"
"ငါ့ပိုက်ဆံနဲ့ ငါ့ကို၀ယ်ကျွေးတာ?"
"ကျွန်တော့်လက်ထဲရောက်လာရင် ကျွန်တော့်ပိုက်ဆံပဲ အရည်ပျော်တော့မယ် စားစရာရှိတာစား"
ရေခဲမုန့်မကြိုက်ပေမယ့် သူစိတ်ကျေနပ်အောင် စားပေးလိုက်မည်။
"ဒူးရင်းသီး အရသာပဲ"
စားကြည့်တော့လည်း အရသာကမဆိုးပါဘူး။
"အင်း ခင်ဗျားကြိုက်မယ်ထင်လို့"
"မဆိုးပါဘူး"
ဂျောင်ကုကို လျှပ်တပြတ်ကြည့်မိတော့ မျက်မှောင်ကြီးကြုံ့ကာ နှုတ်ခမ်းစူပြီး ရေခဲမုန့်စားနေတာ။
သူ့ကိုယ်လုံးကြီးကိုမှ အားမနာ..။"ဟားဟားး"
"ဘာရယ်တာလဲ"
"ခင်ဗျား ဟား ခင်ဗျားရေခဲမုန့်စားနေတာ ဖျံနဲ့တူလို့"
ပထမဆုံးပဲ တိရစ္ဆာန်တစ်ကောင်နဲ့ အနှိုင်းခံရတာ။
အနှိုင်းခံရတော့လည်း ဖျံတဲ့..။
ဘာမှပြန်မပြောမိ ဟားတိုက်ရယ်နေတဲ့ ထယ်ယောင်းကိုသာစိုက်ကြည့်နေမိတယ်။
ရယ်တာမရပ်သေးဘူး..မနေနိုင်တော့ဘူး။ပြွတ်စ်..*
ရယ်ချင်အုန်း မှတ်ပြီလား.."ခင် ခင်ဗျား ဘာလုပ််တာလဲ"
YOU ARE READING
Untouchable (Completed)
Short Storyလောကကြီးက သိပ်မာယာများတယ် ခင်ဗျားရဲ့ အဖွဲ့အနွဲ့စကားတွေကိုတော့မမှီဘူး။ Kim Ringni 7.12.22
Part 6
Start from the beginning