"ကျွန်တော်ပြောတာ သုံးခေါက်ရှိပြီ။
သဘောတူပါတယ်ဆို...."

"အုပ်ထိန်းသူနဲ့ရောတိုင်ပင်ပြီးပြီလား။ "

"ဟုတ်..."

"Hyungသေချာမေးနေတယ်ဆိုတာက ဒီတစ်ခေါက်ခွဲစိတ်မှုက အရင်အခေါက်တွေနဲ့မတူလို့မေးနေရတာ။ တကယ်....သေချာစဥ်းစားပြီးပြီလား။ "

"ကျွန်တော်အသက်ရှင်ချင်တယ် hyung...
အသက်ရှင်ရမဲ့အကြောင်းရင်းရှိတယ်၊ ဒါကသာအသက်ရှင်နိုင်မယ်ဆို ကျွန်တော်သဘောတူတယ်။ "

"ကောင်းပြီ soobin"

-Jeonghan လည်း ခေါင်းမာနေသောလူကြောင့်သာ သဘောတူရတာ သူလည်းသဘောမကျလှပေ။ soobinအခြေအနေသူသာအသိဆုံးဖြစ်သည်မို့ပင်။ -

-Jeonghanရဲ့ အခန်းထကြနေထွက်လာပြီးတော့ soobinတို့ အတန်းချိန်မှီရင်မှီသလောက်တက်ရန် ကျောင်းသို့သွားခဲ့ကြသည်။ အဒေါ်အီကတော့ အိမ်ပြန်သွားခဲ့သည်။ -
.
.
.
Beomgyu POV:

-အတန်းတက်ပြီးတော့ အခန်းထဲကထွက်မယ်အပြင် သူတို့ခုံနားသို့ Rubyရောက်လာခဲ့သည်။ -

"ခဏလောက်စကားပြောလို့ရမလား gyu"

"ငါ့မှာပြောစရာမရှိဘူး။ "

"ငါမှာရှိတယ်လေ...။
ခဏလောက်ပါဘဲ "

"ပြော...."

-စာအုပ်တွေသိမ်းပြီးသွားတော့ မတ်တပ်ရပ်ကာ မေးလိုက်သည်။ yeonjunနဲ့ felixကလည်းစောင့်နေသည်။ -

"အန်တီကအိမ်ပြန်လာပါဦးတဲ့....သူသတိရနေတာ။
အခုနေတောင်မကောင်းဘူး...ထမင်းလည်းမစားဘူး gyuရယ်။ "

"နင်အမေအနားမှာရှိနေတယ်မလား။
ကူညီပေးလိုက်လေ....ငါမှာအဲ့အိမ်ကိုပြန်လာချင်စိတ်ကိုမရှိတော့တာ။ "

"နင့်ဘယ်လောက်စိတ်နာ စိတ်နာ ကိုယ့်ကိုမွေးခဲ့တဲ့အမေကိုပစ်မထားသင့်ဘူး beomgyu"

"ငါညကျရင် မေမေ့ဆီကိုဖုန်းဆက်လိုက်မယ်။
နောက်ပြီး ခုနက နင်ခေါ်လိုက်တာကို သဘောကျတယ်....beomgyuဘဲခေါ်ပါ....gyuလို့ခေါ်ရလောက်အောင်ထိ နင်နဲ့ငါမရင်းနှီးတာမလို့...."

Forever[Completed]Where stories live. Discover now