အပိုင်း(၅၁) (တုန်ဖန်းချွမ်း)

2K 314 2
                                    

unicode

ငါးသလောက်နှင့် ပက်သတ်၍ ဗိုလ်ချုပ်မှာ အကြီးအကျယ် စိတ်ကျေနပ်နေလေသည်။ လတ်ဆတ်ပြီး အရသာလေးလေးပင်ပင်ရှိသော ထိုငါးသည် နူးညံ့လွန်းသဖြင့် ဝါးမစားရတာတောင်မှ သူသဘောကျနေမိသည်။ ချီကျွင်းသာ ဆက်ပြီးဤကဲ့သို့ ချက်ကျွေးနေပါက သူ၏စရိုက်များက ထပ်တောင့်ခံနိုင်မည် မထင်ပေ။ အစပိုင်းတွင် အစားအသောက်နှင့် ပက်သတ်လာလျှင် အလွန်ဗီဇာကြောင်ခဲ့သော်လည်း သူ့ဇနီးလေးနောက် လိုက်သည့်အချိန်မှစ၍ ထိုအမူအကျင့်မှာလည်း နည်းသထက်နည်းလာခဲ့လေသည်။

"ရှောင်ကျွင်း....ဘာလို့ ငါးကို ဒီနာမည်ပေးထားတာလဲဟင် "

ထိုအမေးအတွက် ချီကျွင်းတွင်လည်း အဖြေမရှိပါချေ။ အရင်ဘဝတုန်းက စား သောက်ဆိုင်တွင် တခါမှာစားမိရင်း သဘောကျ
သဖြင့် အင်တာနက်တွင် ချက်နည်းကိုရှာပြီး လုပ်စားကြည့်ဖူးရုံသာဖြစ်သည်။ " ဒါကလေ အရမ်းအရသာရှိလွန်းတာ လူတွေကို အရူးအမူးဖြစ်စေတဲ့ စားစရာပဲ" သူပြောသည့်စကားက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သားရဲကမ္ဘာတွင်မူ ထိုစကားကို အတည်ပြုရန် နည်းသူ့တွင် မရှိပါချေ။

တုန်ဖန်းရုန်က ခေါင်းငြိမ့်ပြလိုက်ပြီး ချီကျွင်း
၏ လက်မောင်းကို လှမ်းဆွဲကာ မျက်နှာကိုလက်ဖဝါးနှစ်ဖက်နှင့် ကိုင်လိုက်ပြီး နှုတ်ခမ်းလေးအား နမ်းရှိုက်လိုက်သည်။ ဤသည်က သာမန်အနမ်းတစ်ပွင့်မဟုတ်ဘဲ နက်ရှိုင်းလွန်းလှပါသော အနမ်းတစ်ပွင့် ဖြစ်ခဲ့ရသည်။ ထိုကောင်လေးကို နမ်းနေချိန်တွင် တုန်ဖန်းရုန်သည် သူ့ဆန္ဒများကိုလည်း မြိုချနေရသည်။ သူ့ဇနီးလေးက အရသာမှာ အကောင်းမွန်ဆုံး မဟုတ်ပါလော။

ထိုအချိန်တွင် ချီကျွင်းမှာလည်း မြိုချခံနေသကဲ့သို့ပင် ခံစားနေရသည်။ အသက်ရှုမကြပ်သေးပါသော်လည်း သူအတော်လေး ကြောက်လန့်နေပြီဖြစ်သည်။ ဗိုလ်ချုပ်မှာ ရူးနေသည့်အတိုင်းပင်။ အစားစားနေရင်းတန်းလန်းနှင့် မည်သူကများ ပြင်သစ်အနမ်းကို အလွန်အမင်းကျွမ်းကျင်စွာဖြင့် နမ်းနိုင်ပါမည်နည်း။

ဘုရားသခင်နှင့် တမန်တော်များ အကျွန်ုပ်အား ကယ်မတော်မူပါ။ စားသောက်နေရင်းနှင့် ထိုဘက်ဆီ အဘယ့်ကြောင့် ရောက်သွားရပါသနည်း။ ငါးသလောက်ထဲက ပါဝင်ပစ္စည်းတစ်ခုခုကများ သန်မာသော သန္ဓေပြောင်းလူသားတို့၏ ချစ်တင်းနှောချင်စိတ်ကို သက်ရောက်စေပါသလော။

You'll also like

          

သိပ်မကျွမ်းကျင်သေးသဖြင့် သူ့ဇနီးလေးမှာ စိတ်အနှောင့်အယှက်ဖြစ်နေသေးသည်ဟု အရှင်သခင်ဗိုလ်ချုပ်က တွေးနေမိသည်။ စားသောက်နေချိန်တွင် စိတ်ထဲပေါ်လာသလို ထလုပ်ခြင်းကလဲ အဆင်မပြေပါပေ။ ထို့ကြောင့် ညစာစားပြီးချိန်ထိ စောင့်ရန်ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ရည်ရွယ်ချက်များကိုမူ ဖော်ပြထားဆဲပင်။

"ဒါဆိုတော့ ဒီငါးက ငါးသလောက်ပေါ့ "

တုန်ဖန်းရုန်၏စကားကြောင့် ချီကျွင်း ရယ်လိုက်မိသည်။ အသက်ပြင်းပြင်းတစ်ချက်ကို ရှုလိုက်ပြီးနောက် လက်ထဲမှ တူဖြင့် တုန်ဖန်းရုန်၏ လက်ဖဝါးကို ထောက်လိုက်ပြီး

"နောက်ပိုင်းကျရင် တစ်ယောက်ယောက်ကို အရမ်းနမ်းချင်လာရင် ကျေးဇူးပြုပြီး အရင်ပြောပါ "

အစောပိုင်းက ဘာမှမဖြစ်ခဲ့သလိုပင် တုန်ဖန်းရုန်က သူ့မျက်နှာထားကို ပြောင်းလိုက်ကာ ရုတ်တရက်ပြုံးလိုက်ပြီး " အင်တာနက်ပေါ်မှာ ဒီအကြောင်းကိုပြောကြတုန်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတာကို "

" စားရင်းသောက်ရင် ထဖြစ်တာ ဘယ်နားမှာပျော်ဖို့ကောင်းလို့လဲ။ အင်တာနက်ပေါ်မှာ ဘယ်လိုဟာတွေ လိုက်ဖတ်နေတာလဲ။ ပြီးတော့ အားတိုင်းယားတိုင်း ဟင်းပွဲနာမည်တွေ လိုက်မမေးနဲ့။ မဟုတ်လို့ကတော့ နောက်ကျရင် ချက်မကျွေးတော့ဘူး"

ဗိုလ်ချုပ်မှာ ချက်ချင်းတည်ငြိမ်သွားရပြီး "ဟုတ်ပါပြီ....မင်းစကားနားထောင်ပါ့မယ်။ နောက်ကျလို့ နမ်းချင်လာရင်လည်း မင်းကိုအရင်ပြောပြပါ့မယ်။ ကိုယ့်ကို မစားခိုင်းဘဲနဲ့တော့ မထားပါနဲ့ "

ထိုအခါ ချီကျွင်းမှာ ဗိုလ်ချုပ်၏အမူအရာကြောင့် အော်ရယ်လိုက်မိသည်။ "မင်းကိုတော့ မနိုင်တော့ဘူး။ မြန်မြန်စား...ပြီးရင် မနက်ဖန်ကျ အမေတို့ဆီ သွားတဲ့အခါ ဘာတွေယူသွားရမလဲ ဝိုင်းတွေးပေးဦး။ အရင်အခေါက်က ဝက်သားစွပ်ပြုတ်ကို အတော်ကြိုက်နေကြတာဆိုတော့ ဝက်စတူးပဲ ချက်လိုက်ရမလား "

ထိုသို့သောနေ့ရက်များက အလျင်အမြန် ကုန်ဆုံးသွားကြသည်။ နှစ်ပတ်ကြာပြီးသောအခါ ကျောက်တုံးကမ္ဘာလေးထဲမှ လယ်ကွက်များအကုန် စိုက်ပြီးခဲ့သလို
ရင့်မှည့်လွယ်သောသီးနှံများကလည်း နှစ်ကြိမ်ခူးဆွတ်ခဲ့ပြီး ဖြစ်သည်။ တကယ်တမ်းတွင် ထိုကမ္ဘာလေးထဲတွင် အကြာကြီးနေကာ တုန်ဖန်းရုန်၏ခွန်အား၊ မှော်ရေတွင်းလေး၏အကူအညီတို့ဖြင့် နေ့ချင်းပြီးစိုက်နိုင်ပါသော်လည်း ချီကျွင်းကမလုပ်ချင်ခဲ့ပေ။ သူကမူ လယ်စိုက်ခြင်းကို အပျော်သဘောဖြင့် တစ်နေ့ချင်းစီ လုပ်ချင်ခဲ့တာကြောင့်ပင်ဖြစ်သည်။ ထို့ပြင် မျိုးစေ့များအားလုံးကို စိုက်ကြည့်ချင်ပါသော်ငြား လယ်ကွက်ထဲမှ တုန်ဖန်းရုန် အကြာကြီးနေလိုက်သည်နှင့် ချောင်းကြည့်နေမိပြီး ထိုသူကို တစ်ခုခုစားသောက်ရန် အော်ခေါ်တတ်ပြီး မဟုတ်ပါကလည်း သူနှင့်စာအတူဖတ်ရန် သို့မဟုတ် မြစ်ကမ်းဘေးတွင် ထိုင်ကာ စကားပြောကြရန် သွားဆွဲခေါ်နေမိသည်။

အနာဂတ်သားရဲကမ္ဘာ၏ရှေးခေတ်သမားတော်Where stories live. Discover now